Tuesday, 20 September 2011

Fwd: Check out "ကိုယ်ပိုင်blog စတင်ဖွင့် လိုသူများအတွက်" on ဧဒင်ဥယျာဉ်



---------- Forwarded message ----------
From: ဥယျာဉ်မှူး ၆ <share@edinooyin.com>
Date: 2011/9/20
Subject: Check out "ကိုယ်ပိုင်blog စတင်ဖွင့် လိုသူများအတွက်" on ဧဒင်ဥယျာဉ်
To: "soemoeaung87@gmail.com" <soemoeaung87@gmail.com>


The Most Popular Myanmar Social Network.
ဥယျာဉ်မှူး  ၆
ယနေ့ဖတ်စရာ 'ကိုယ်ပိုင်blog စတင်ဖွင့် လိုသူများအတွက်'

ရေးသားသူ : ♥ ♥minmin♥ ♥

အင်တာနက်အသုံးပြုသူတိုင်းကိုပိုင်ဆိုဒ်လေးတစ်ခုရှိသင့်တယ်လို့ထင်ပါတယ်ကျနော်အမြင်ပေါ့နော်:p ဆိုဒ်တွေကိုfreeရနိုင်တဲ့ လိပ်စာတွေတော်တော်များမျာ...

ဖတ်ရန်အောက်ပါလင့်ကိုကလစ်ပါ :
ကိုယ်ပိုင်blog စတင်ဖွင့် လိုသူများအတွက်

ဧဒင်ဥယျာဉ် ၏ ယနေ့အချက်အလက်များ
The Most Popular Myanmar Social Network
ဧဒင်ဥယျာဉ် 43714 members
52157 photos
1334 videos
14227 discussions
6 Events
18546 blog posts
 
ဧဒင်မှစာများထိန်းချုပ်ချင်ပါကဒီမှာကလစ်ပါ

Sunday, 11 September 2011

Fwd: Check out "G talk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလဲ" on ဧဒင်ဥယျာဉ်



---------- Forwarded message ----------
From: ဥယျာဉ်မှူး ၆ <share@edinooyin.com>
Date: 2011/9/9
Subject: Check out "G talk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလဲ" on ဧဒင်ဥယျာဉ်
To: "soemoeaung87@gmail.com" <soemoeaung87@gmail.com>


The Most Popular Myanmar Social Network.
ဥယျာဉ်မှူး  ၆
ယနေ့ဖတ်စရာ 'G talk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလဲ'

ရေးသားသူ : blackprince

မင်္ဂလာပါဗျာ နည်းလမ်လေးတစ်ခု တွေ့လာလို့ ပါG talk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလဲဆိုတာရယ်နောက် location ကိုညာပြောထားတာလား အမှန်ပြောတာလာ...

ဖတ်ရန်အောက်ပါလင့်ကိုကလစ်ပါ :
G talk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလဲ

ဧဒင်ဥယျာဉ် ၏ ယနေ့အချက်အလက်များ
The Most Popular Myanmar Social Network
ဧဒင်ဥယျာဉ် 42517 members
50798 photos
1304 videos
13700 discussions
17969 blog posts
 
ဧဒင်မှစာများထိန်းချုပ်ချင်ပါကဒီမှာကလစ်ပါ

Saturday, 10 September 2011

Fwd: Check out "Greece ၏ kos ကျွန်း" on ဧဒင်ဥယျာဉ်



---------- Forwarded message ----------
From: ဥယျာဉ်မှူး ၇ <share@edinooyin.com>
Date: 2011/9/7
Subject: Check out "Greece ၏ kos ကျွန်း" on ဧဒင်ဥယျာဉ်
To: "soemoeaung87@gmail.com" <soemoeaung87@gmail.com>


The Most Popular Myanmar Social Network.
ဥယျာဉ်မှူး ၇
ယနေ့ဖတ်စရာ 'Greece ၏ kos ကျွန်း'

ရေးသားသူ : ပြည် တီ



ဖတ်ရန်အောက်ပါလင့်ကိုကလစ်ပါ :
Greece ၏ kos ကျွန်း

ဧဒင်ဥယျာဉ် ၏ ယနေ့အချက်အလက်များ
The Most Popular Myanmar Social Network
ဧဒင်ဥယျာဉ် 42030 members
50379 photos
1282 videos
13492 discussions
17716 blog posts
 
ဧဒင်မှစာများထိန်းချုပ်ချင်ပါကဒီမှာကလစ်ပါ

Wednesday, 7 September 2011

Fwd: Check out "Window Media Player အကြောင်းတစ်စေ့ တစ်စောင်း _" on ဧဒင်ဥယျာဉ်



---------- Forwarded message ----------
From: ဥယျာဉ်မှူး ၆ <share@edinooyin.com>
Date: 2011/9/5
Subject: Check out "Window Media Player အကြောင်းတစ်စေ့ တစ်စောင်း _" on ဧဒင်ဥယျာဉ်
To: "soemoeaung87@gmail.com" <soemoeaung87@gmail.com>


The Most Popular Myanmar Social Network.
ဥယျာဉ်မှူး  ၆
ယနေ့ဖတ်စရာ 'Window Media Player အကြောင်းတစ်စေ့ တစ်စောင်း _'

ရေးသားသူ : htike thu

Window Media Player အကြောင်းတစ်စေ့ တစ်စောင်း ________________________________________ Window Media Player ဟာလည်း တကယ်တမ်း အသုံးချ တက် မယ်ဆိ...

ဖတ်ရန်အောက်ပါလင့်ကိုကလစ်ပါ :
Window Media Player အကြောင်းတစ်စေ့ တစ်စောင်း _

ဧဒင်ဥယျာဉ် ၏ ယနေ့အချက်အလက်များ
The Most Popular Myanmar Social Network
ဧဒင်ဥယျာဉ် 41887 members
50229 photos
1276 videos
13441 discussions
17680 blog posts
 
ဧဒင်မှစာများထိန်းချုပ်ချင်ပါကဒီမှာကလစ်ပါ

Friday, 26 August 2011

Fwd: Check out "ကွန်ပျူတာတွင်ဓာတ်ပုံရိုက်သောဆောစ့်ဝဲလ်နှင့်PowerTools 2011 software ပါ" on FOREVER FRIENDS ထာဝရသူငယ်ချင်းများ



---------- Forwarded message ----------
From: ဆန်းစုနိုင် <share@forverfriends.ning.com>
Date: 2011/8/26
Subject: Check out "ကွန်ပျူတာတွင်ဓာတ်ပုံရိုက်သောဆောစ့်ဝဲလ်နှင့်PowerTools 2011 software ပါ" on FOREVER FRIENDS ထာဝရသူငယ်ချင်းများ
To: "soemoeaung87@gmail.com" <soemoeaung87@gmail.com>


ဆန်းစုနိုင်
Check out the blog post 'ကွန်ပျူတာတွင်ဓာတ်ပုံရိုက်သောဆောစ့်ဝဲလ်နှင့်PowerTools 2011 software ပါ'


ကွန်ပျူတာမှာ ဓာတ်ပုံရိုက်တဲ့ဆောစ့်ဝဲလ်ပါ သူငယ်ချင်းတို့အသုံးတည့်မယ်လို့ထင်ပါတယ် လိုင်စင်တော့မပါဘူးခင်ဗျာ free ပေးပါတယိDownload>>&g...

Blog post link:
ကွန်ပျူတာတွင်ဓာတ်ပုံရိုက်သောဆောစ့်ဝဲလ်နှင့်PowerTools 2011 software ပါ

About FOREVER FRIENDS ထာဝရသူငယ်ချင်းများ
WELCOME TO FOREVER FRIENDS Waiting from -http://forverfriends.ning.com/
FOREVER FRIENDS ထာဝရသူငယ်ချင်းများ 61159 members
90077 photos
39087 songs
6211 videos
3283 discussions
34573 blog posts
 
To control which emails you receive on FOREVER FRIENDS ထာဝရသူငယ်ချင်းများ, click here

Fwd: kyawlay commented on the blog post "Convert လုပ်ချင်သူများအတွက်အသုံးဝင်ဆုံး FreeStudio" on ဧဒင်ဥယျာဉ်



---------- Forwarded message ----------
From: ဧဒင်ဥယျာဉ် <mail@edinooyin.com>
Date: 2011/8/25
Subject: kyawlay commented on the blog post "Convert လုပ်ချင်သူများအတွက်အသုံးဝင်ဆုံး FreeStudio" on ဧဒင်ဥယျာဉ်
To: "soemoeaung87@gmail.com" <soemoeaung87@gmail.com>


kyawlay commented on htun's blog post "Convert လုပ်ချင်သူများအတွက်အသုံးဝင်ဆုံး FreeStudio" on ဧဒင်ဥယျာဉ်

To view the new comment, visit:
http://www.edinooyin.com/profiles/blogs/convert-freestudio?commentId=4347155%3AComment%3A3397184&xg_source=msg_com_blogpost

--
To stop following this blog post, go to:
http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A2483646&unfollow=1&xg_source=msg_com_blogpost

ဧဒင်မှ စာများထိန်းချုပ်ချင်ပါက :
http://www.edinooyin.com/profiles/profile/emailSettings?xg_source=msg_com_blogpost


Monday, 22 August 2011

"ကောသလမင်းကြီး အိပ်မက် ၁၆ချက်"

မသိသေးသော သူများအားသိစေချင်သော စိတ်စေတနာများဖြင့် ဒီပိုစ့်လေးကို ရေးသားဖြစ်ပါတယ်။စာမရေးဖြစ်တာ အတော်ကြာနေပါပြီ။(University lesson)တွေနဲ့ နပန်းလုံးနေရတာရယ်။ပြီးတော့ ကျန်းမာရေးလည်းမကောင်းတာနဲ့ ပိုစ့်တွေမတင်ဖြစ်တာ ကြာပါပြီ။အခုပိုစ့်လေးကတော့ တော်တော်များများ သိပြီးဖြစ်မှာပါ။ ဦးဇင်းအနေနဲ့ ယခု ကောသလမင်းကြီး အိပ်မက်(၁၆)ချက်ပိုစ့်လေးကို မသိသေးသူများအားသိစေချင်သော စိတ်စေတနာ အပြည့်ဖြင့် ကျန်းမာရေးကို မငဲ့ကွက်ပဲ အားလုံး ဖတ်ခွင့် မှတ်ခွင့်ရအောင် တင်ပေးလိုက်တာပါ။



ဘုရားရှင် လက်ထက်တော်မှာ ကောသလမင်းကြီးက အိပ်မက် ၁၆ချက် မက်တော့ ဘုရားရှင်ထံ မေးမြန်းရာ

မြတ်စွာဘုရားရှင်က ပြန်လည်ဖြေကြားတော်မူခဲ့တဲ့ အိပ်မက်တစ်ဆယ့်ခြောက်ချက်ပါ။

အဆိုပါ အချက် ၁၆ချက်က နောင်အနာဂတ်မှာ ဖြစ်ပေါ်လာမယ်လို့ ဆိုပါတယ်။ အခုဆိုရင် အချို့ အချက်တွေ ဖြစ်ပေါ်နေပြီလို့ ဆိုနိုင်နေပါတယ်။

အဆိုပါ အိပ်မက် ၁၆ ချက်ကတော့ .  . . အောက်ပါအတိုင်းဖြစ်ပါတယ်။အဲဒီ တစ်ဆယ့်ခြောက်ချက်ကို ဖတ်ပြီး ဘယ်အချက်တွေက ယခုခေတ်ကာလမှာ ဖြစ်နေကြပြီဆိုတာ စဉ်းစားကြည့်ကြပါ။




(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်၏။




နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကာက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။


(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြကုန်၏။

နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။

နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍
လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်ကုန်၏။


နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ၀ါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ
အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။
လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားကုန်၏။

နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်၏။

နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ
မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။

(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏။

နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စားကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေ၏။

နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏။

နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ်ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌
တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။

 နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။

(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားကုန်၏။

နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်ကုန်၏။

နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်၏။

နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုကုန်၏။

နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြကုန်၏။


နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီးစသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသားတို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုးယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန်လတ္တံ့။

(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြကုန်၏။

နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ်သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်းကြကုန်လတ္တံ့။ဖော်ပြခဲ့ပြီးတဲ့ အချက်(၁၆)ချက် ထဲမှာ ယခုခေတ် ဘယ်လိုအချက်တွေဖြစ်နေကြပြီဆိုတာ အားလုံးသိကြမှာပါ။



ကိုးကား

အမျိုးသား ပညာဝန် ဦးဖိုးကျား၏ ငါးရာ့ငါးဆယ် ကောက်နုတ်ချက်များ (ပထမတွဲ)

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

Saturday, 20 August 2011

"Adobe photoshop cs 1, cs 2, cs 3, cs 4, cs 5 protable ဆော့ဝဲလ်လေးတွေပါ"

Adobe photoshop protable  1,2, 3, 4, 5,  ဆော့ဝဲလ် တွေပါ  အင်းစတောလုပ်စရာမလိုပဲတာတိုက်အသုံးပြုလို့ရအောင်စုစည်းတင်ပေးလိုက်ပါတယ်  ...အောက်ကပေးထားတဲ့သက်ဆိုင်ရလစ်ကနေပီး  ဒေါင်းသွားနိုင်ပါတယ်.. မသုံးတတ်သေးတဲ့သူငယ်ချင်းတွေအတက်  အသုံးပြုပုံလန်းညွန်စာအုပ်တွေ နောက်အချိန်အားရင် ထပ်တင်ပေးပါဦးမယ်....



1. Photoshop Cs 1 Portable

2. Photoshop Cs 2 Portable

3. Photoshop Cs 3 Portable

4. Photoshop Cs 4 Portable

5. Photoshop Cs 5 Portable
















 1.  Photoshop Cs 1 Portable


2.  Photoshop Cs 2 Portable

3.  Photoshop Cs 3 Portable

4.  Photoshop Cs 4 Portable

5.  Photoshop Cs 5 Portable

Fwd: Check out "Email အတုလေးလုပ်ပြီး သူငယ်ချင်းများကို စကြနောက်ကြရအောင်.........." on ဧဒင်ဥယျာဉ်



---------- Forwarded message ----------
From: ဥယျာဉ်မှူး ၃ <share@edinooyin.com>
Date: 2011/7/30
Subject: Check out "Email အတုလေးလုပ်ပြီး သူငယ်ချင်းများကို စကြနောက်ကြရအောင်.........." on ဧဒင်ဥယျာဉ်
To: "soemoeaung87@gmail.com" <soemoeaung87@gmail.com>


The Most Popular Myanmar Social Network.
ဥယျာဉ်မှူး ၃
ယနေ့ဖတ်စရာ 'Email အတုလေးလုပ်ပြီး သူငယ်ချင်းများကို စကြနောက်ကြရအောင်..........'

ရေးသားသူ : edin lover

Email အတုလေး လုပ်ပြီး သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများ ကိုခေါင်းစားအောင်လုပ်လို့ရတယ်နော်......ဒီလင့် လေးကိုကနေ၀င်ပါ http://emkei.cz/ င်္်F...

ဖတ်ရန်အောက်ပါလင့်ကိုကလစ်ပါ :
Email အတုလေးလုပ်ပြီး သူငယ်ချင်းများကို စကြနောက်ကြရအောင်..........

ဧဒင်ဥယျာဉ် ၏ ယနေ့အချက်အလက်များ
The Most Popular Myanmar Social Network
ဧဒင်ဥယျာဉ် 36926 members
44983 photos
1046 videos
11171 discussions
15911 blog posts
 
ဧဒင်မှစာများထိန်းချုပ်ချင်ပါကဒီမှာကလစ်ပါ

Friday, 19 August 2011

Fwd: Check out "သယ်၇င်း အပေါင်း မိမိတို့ gmail.com နောက်ခံမှာ မိမိပုံလေတွေ ထည့်ချင်တဲ့သူများအတွက် တင်ပြပေးလိုက်တာပါ.." on FOREVER FRIENDS ထာဝရသူငယ်ချင်းများ



---------- Forwarded message ----------
From: sanay mg mg (ကိုသူရ) <share@forverfriends.ning.com>
Date: 2011/8/17
Subject: Check out "သယ်၇င်း အပေါင်း မိမိတို့ gmail.com နောက်ခံမှာ မိမိပုံလေတွေ ထည့်ချင်တဲ့သူများအတွက် တင်ပြပေးလိုက်တာပါ.." on FOREVER FRIENDS ထာဝရသူငယ်ချင်းများ
To: "soemoeaung87@gmail.com" <soemoeaung87@gmail.com>


sanay mg mg (…
Check out the blog post 'သယ်၇င်း အပေါင်း မိမိတို့ gmail.com နောက်ခံမှာ မိမိပုံလေတွေ ထည့်ချင်တဲ့သူများအတွက် တင်ပြပေးလိုက်တာပါ..'


gmail. နောက်ခံမှာ ကိုယ်စာတ်ပုံလေကို ထည့်ချင်သူများအတွက်...gmail.ကို အ၇င်သွာပါ.ပြီတာနဲ settings ကို ကလပ်လိုက်ပါ..themes ဆိုတာလေကို လိုက်၇ှာလ...

Blog post link:
သယ်၇င်း အပေါင်း မိမိတို့ gmail.com နောက်ခံမှာ မိမိပုံလေတွေ ထည့်ချင်တဲ့သူများအတွက် တင်ပြပေးလိုက်တာပါ..

About FOREVER FRIENDS ထာဝရသူငယ်ချင်းများ
WELCOME TO FOREVER FRIENDS Waiting from -http://forverfriends.ning.com/
FOREVER FRIENDS ထာဝရသူငယ်ချင်းများ 60720 members
89609 photos
38912 songs
6147 videos
3219 discussions
34296 blog posts
 
To control which emails you receive on FOREVER FRIENDS ထာဝရသူငယ်ချင်းများ, click here

Fwd: Check out "online မှာ မရှိတဲ့ အချိန် ကိုယ့် G mail ဆီကို ပို့လာတဲ့ ကိုယ့် သူငယ်ချင်းတွေကို auto reply လေးလုပ်ကြည့်ရအောင် ။" on ဧဒင်ဥယျာဉ်



---------- Forwarded message ----------
From: ဥယျာဉ်မှူး ၆ <share@edinooyin.com>
Date: 2011/8/18
Subject: Check out "online မှာ မရှိတဲ့ အချိန် ကိုယ့် G mail ဆီကို ပို့လာတဲ့ ကိုယ့် သူငယ်ချင်းတွေကို auto reply လေးလုပ်ကြည့်ရအောင် ။" on ဧဒင်ဥယျာဉ်
To: "soemoeaung87@gmail.com" <soemoeaung87@gmail.com>


The Most Popular Myanmar Social Network.
ဥယျာဉ်မှူး  ၆
ယနေ့ဖတ်စရာ 'online မှာ မရှိတဲ့ အချိန် ကိုယ့် G mail ဆီကို ပို့လာတဲ့ ကိုယ့် သူငယ်ချင်းတွေကို auto reply လေးလုပ်ကြည့်ရအောင် ။'

ရေးသားသူ : မင်းထက်

ကိုယ် online မှာ မရှိတဲ့ အချိန် ကိုယ့် G mail ဆီကို ပို့လာတဲ့ ကိုယ့် သူငယ်ချင်းတွေကို auto reply လေးလုပ်ကြည့်ရအောင် ။လွယ်ပါတယ် ။ နောက်ပြီး...

ဖတ်ရန်အောက်ပါလင့်ကိုကလစ်ပါ :
online မှာ မရှိတဲ့ အချိန် ကိုယ့် G mail ဆီကို ပို့လာတဲ့ ကိုယ့် သူငယ်ချင်းတွေကို auto reply လေးလုပ်ကြည့်ရအောင် ။

ဧဒင်ဥယျာဉ် ၏ ယနေ့အချက်အလက်များ
The Most Popular Myanmar Social Network
ဧဒင်ဥယျာဉ် 39045 members
47238 photos
1145 videos
12069 discussions
16805 blog posts
 
ဧဒင်မှစာများထိန်းချုပ်ချင်ပါကဒီမှာကလစ်ပါ

Fwd: Check out "နိုင်ငံခြား အလုပ်သမားများကို မလေးရှားက တံခါးပိတ်မည်။" on ဧဒင်ဥယျာဉ်



---------- Forwarded message ----------
From: ဥယျာဉ်မှူး ၆ <share@edinooyin.com>
Date: 2011/8/18
Subject: Check out "နိုင်ငံခြား အလုပ်သမားများကို မလေးရှားက တံခါးပိတ်မည်။" on ဧဒင်ဥယျာဉ်
To: "soemoeaung87@gmail.com" <soemoeaung87@gmail.com>


The Most Popular Myanmar Social Network.
ဥယျာဉ်မှူး  ၆
ယနေ့ဖတ်စရာ 'နိုင်ငံခြား အလုပ်သမားများကို မလေးရှားက တံခါးပိတ်မည်။'

ရေးသားသူ : Peterpau

မလေးရှားနိုင်ငံသည် ၎င်း၏နိုင်ငံသားများ အလုပ်အကိုင် ရှားပါးလာမည်ကို ကာကွယ်သည့် အနေဖြင့် စက်ရုံ၊ စတိုးဆိုင်၊ စားသောက် ဆိုင်များအတွက် ပြည်ပမှ အလု...

ဖတ်ရန်အောက်ပါလင့်ကိုကလစ်ပါ :
နိုင်ငံခြား အလုပ်သမားများကို မလေးရှားက တံခါးပိတ်မည်။

ဧဒင်ဥယျာဉ် ၏ ယနေ့အချက်အလက်များ
The Most Popular Myanmar Social Network
ဧဒင်ဥယျာဉ် 39117 members
47279 photos
1145 videos
12107 discussions
16816 blog posts
 
ဧဒင်မှစာများထိန်းချုပ်ချင်ပါကဒီမှာကလစ်ပါ

Thursday, 11 August 2011

Fwd: Check out "ပြောင်းလဲလာသော ကျွန်တော့်အတွေးများ" on ဧဒင်ဥယျာဉ်



---------- Forwarded message ----------
From: သက်တန့်ချို <share@edinooyin.com>
Date: 2011/7/18
Subject: Check out "ပြောင်းလဲလာသော ကျွန်တော့်အတွေးများ" on ဧဒင်ဥယျာဉ်
To: "soemoeaung87@gmail.com" <soemoeaung87@gmail.com>


The Most Popular Myanmar Social Network.
သက်တန့်ချို
ယနေ့ဖတ်စရာ 'ပြောင်းလဲလာသော ကျွန်တော့်အတွေးများ'
'ပြောင်းလဲလာသော ကျွန်တော့်အတွေးများ

ရေးသားသူ : သက်တန့်ချို

ပြောင်းလဲလာသော ကျွန်တော့်အတွေးများ အခုတလော ဆေးပညာပို့စ်တွေ အတင်များနေတော့ ဆေးပညာကို သာမန်လောက်ပဲစိတ်ဝင်စားပြီး ကဗျာ ၊ သုတ ၊ ရသကို နှစ်သက်တဲ...

ဖတ်ရန်အောက်ပါလင့်ကိုကလစ်ပါ :
ပြောင်းလဲလာသော ကျွန်တော့်အတွေးများ

ဧဒင်ဥယျာဉ် ၏ ယနေ့အချက်အလက်များ
The Most Popular Myanmar Social Network
ဧဒင်ဥယျာဉ် 35389 members
43712 photos
1016 videos
10804 discussions
15545 blog posts
 
ဧဒင်မှစာများထိန်းချုပ်ချင်ပါကဒီမှာကလစ်ပါ

Sunday, 7 August 2011

Fwd: Check out "Window မှာ ရှာချင်တာ လွယ်လွယ် ရှာရအောင်" on ဧဒင်ဥယျာဉ်



---------- Forwarded message ----------
From: ဥယျာဉ်မှူး ၆ <share@edinooyin.com>
Date: 2011/8/6
Subject: Check out "Window မှာ ရှာချင်တာ လွယ်လွယ် ရှာရအောင်" on ဧဒင်ဥယျာဉ်
To: "soemoeaung87@gmail.com" <soemoeaung87@gmail.com>


The Most Popular Myanmar Social Network.
ဥယျာဉ်မှူး  ၆
ယနေ့ဖတ်စရာ 'Window မှာ ရှာချင်တာ လွယ်လွယ် ရှာရအောင်'

ရေးသားသူ : December Mgmg

ကဲ စာဖတ်သူတို့ရေ ခေါင်းစဉ်အတိုင်းပါပဲ ။ ဝင်ဒိုးမှာ ရှာချင်တာ ရှာလို့ရအောင်ပေါ့ဗျာ ။ ဟုတ်ပါတယ် ။ Controlpeanl ထဲ သွားပြီးတော့ ရှာရတာ ပင်းပန်...

ဖတ်ရန်အောက်ပါလင့်ကိုကလစ်ပါ :
Window မှာ ရှာချင်တာ လွယ်လွယ် ရှာရအောင်

ဧဒင်ဥယျာဉ် ၏ ယနေ့အချက်အလက်များ
The Most Popular Myanmar Social Network
ဧဒင်ဥယျာဉ် 37483 members
45697 photos
1106 videos
11473 discussions
16221 blog posts
 
ဧဒင်မှစာများထိန်းချုပ်ချင်ပါကဒီမှာကလစ်ပါ

Thursday, 4 August 2011

Fwd: Check out "firefox ကိုအသုံးချပြီး mp3,mp4 သီချင်းများကို youtuble မှဒေါင်းပုံလေးပါ" on FOREVER FRIENDS ထာဝရသူငယ်ချင်းများ



---------- Forwarded message ----------
From: Zero Cool (joey) <share@forverfriends.ning.com>
Date: 2011/7/26
Subject: Check out "firefox ကိုအသုံးချပြီး mp3,mp4 သီချင်းများကို youtuble မှဒေါင်းပုံလေးပါ" on FOREVER FRIENDS ထာဝရသူငယ်ချင်းများ
To: "soemoeaung87@gmail.com" <soemoeaung87@gmail.com>


Zero Cool (jo…
Check out the blog post 'firefox ကိုအသုံးချပြီး mp3,mp4 သီချင်းများကို youtuble မှဒေါင်းပုံလေးပါ'


သယ်ရင်း၊မိတ်ဆွေ၊ရောင်းရင်း၊ညီငယ်၊ညီမငယ်၊အစ်ကိုကြီး၊အစ်မကြီး၊ချာတိတ်ပေါက်စန လေးတို့ရေမင်းခ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်ကွယ်....ဒီလိုရှိတယ်ကွယ်...

Blog post link:
firefox ကိုအသုံးချပြီး mp3,mp4 သီချင်းများကို youtuble မှဒေါင်းပုံလေးပါ

About FOREVER FRIENDS ထာဝရသူငယ်ချင်းများ
WELCOME TO FOREVER FRIENDS Waiting from -http://forverfriends.ning.com/
FOREVER FRIENDS ထာဝရသူငယ်ချင်းများ 59629 members
88497 photos
38275 songs
6037 videos
3114 discussions
33398 blog posts
 
To control which emails you receive on FOREVER FRIENDS ထာဝရသူငယ်ချင်းများ, click here

Fwd: Check out "MP3...MP4 ..ကူးတဲ့ဆော့ဝဲလေးပါ" on ဧဒင်ဥယျာဉ်



---------- Forwarded message ----------
From: ဥယျာဉ်မှူး ၃ <share@edinooyin.com>
Date: 2011/7/28
Subject: Check out "MP3...MP4 ..ကူးတဲ့ဆော့ဝဲလေးပါ" on ဧဒင်ဥယျာဉ်
To: "soemoeaung87@gmail.com" <soemoeaung87@gmail.com>


The Most Popular Myanmar Social Network.
ဥယျာဉ်မှူး ၃
ယနေ့ဖတ်စရာ 'MP3...MP4 ..ကူးတဲ့ဆော့ဝဲလေးပါ'


အားလုံးမင်္ဂလာပါ သူငယ်ချင်းတို့  MP3...MP4 ..ကူးတဲ့ဆော့ဝဲလေးပါ မရှိသေးရင်ဒီအောက်မှာဒေါင်းယူနိုင်ပါတယ်ခင်ညာ လွယ်လွယ်လေးမို့များများမရှင်းပြတေ...

ဖတ်ရန်အောက်ပါလင့်ကိုကလစ်ပါ :
MP3...MP4 ..ကူးတဲ့ဆော့ဝဲလေးပါ

ဧဒင်ဥယျာဉ် ၏ ယနေ့အချက်အလက်များ
The Most Popular Myanmar Social Network
ဧဒင်ဥယျာဉ် 36765 members
44798 photos
1046 videos
11109 discussions
15752 blog posts
 
ဧဒင်မှစာများထိန်းချုပ်ချင်ပါကဒီမှာကလစ်ပါ

Wednesday, 3 August 2011

"သူရဿဝါနှင့် ထင်တာဗျူး"

“သူရဿဝါနှင့် ထင်တာဗျူး”




Mobile Guide ဂျာနယ်မှာ ကိုဟန်သစ်ငြိမ် အပတ်စဉ် ရေးနေတဲ့ အင်တာဗျူး Satire တွေကို ဖတ်ရတော့ သူရဿဝါ သိပ်ကို အားကျတယ် ခင်ဗျ။ သူ့လို သိပ်ပြီး ရေးတတ် ချင်တာပဲ။ ဒါပေမယ့် ကိုယ်ကလည်း အင်တာဗျူးနဲ့ ပတ်သက်ရင် ကိုယ့်ကို လာမေးသမျှသာ ပေါက်ကရ ဖြေလွှတ်တတ်တာ၊ ကိုယ်ကိုယ်တိုင်က ဘယ်သူ့မှ ဗျူးတတ်တာ မဟုတ်ဘူး။ ဒါပေမယ့် အင်တာဗျူး လုပ်ချင်စိတ် ကလည်း ဘယ်လိုမှ ထိန်းမရဘူး။ ဒါနဲ့ပဲ ရသေ့စိတ်ဖြေ သဘောမျိုးနဲ့ သုံးနေကျ အင်တာနက် ဆိုင်က Staff ကောင်လေးကို အင်တာဗျူး လုပ်ပြီးရေးဖို့ စိတ်ကူးမိတယ်။ ဒါပေမယ့် ကိုယ်က သူများလို နည်းစနစ်ကျကျ အင်တာဗျူး မလုပ်တတ်တော့ ကိုယ်ရေးတာကိုယ် အင်တာဗျူး နာမည် မတပ်ရဲတာနဲ့ ထင်တာဗျူး လို့ပဲ နာမည်တပ် ရတော့တာ။ ဟုတ်တယ်လေ .. ထင်တာတွေ လျှောက်ဗျူး ထားမှတော့ ထင်တာဗျူးပေါ့။
မေး။ ကဲ .. ညီလေး အလုပ်လုပ်တဲ့ အင်တာနက်ဆိုင် နာမည်လေးကို အရင်ပြောပြပါဦး။
ဖြေ။ ဟုတ်ကဲ့ .. အသုံးပြုသူတွေ အရမ်းအရမ်း ဆွဲတဲ့ ဗြန်းဗြန်းကွဲ အင်တာနက် ကဖေးပါ။
မေး။ ဟ .. မင့်ဆိုင် နာမည်ကလည်းကွာ၊ ဗြန်းဗြန်းကွဲ ရယ်လို့ပဲ၊ နောက်ပြီးတော့ အရမ်းအရမ်း “စွဲ” မဟုတ်ဘဲ ဘယ့်နှယ် အရမ်းအရမ်း “ဆွဲ” ဖြစ်နေရတာတုန်း။
ဖြေ။ ဒီလိုရှိတယ်လေ .. ဗြန်းဗြန်းကွဲ ဆိုတာက ကံမကောင်း အကြောင်းမလှလို့ ကော်နက်ရှင် မကောင်းတာ မဟုတ်ဘူး၊ နောက်ပြီး “ဆွဲ” တယ် ဆိုတာက ဒေါင်းလုပ် ဆွဲတာကို ပြောတာ၊ ဒီတော့ Customer တွေ ဒေါင်းလုပ် အရမ်း အရမ်း ဆွဲလွန်းလို့ ကောင်းပြီးသား ကော်နက်ရှင်က ဗြန်းဗြန်းကွဲ သွားတာဗျ။
မေး။ အေးပါကွာ .. အေးပါ၊ ဆိုင်နာမည် ပေးတဲ့တစ်ကွက်တော့ ရှယ်ပဲကွာ။
ဖြေ။ အောင်မာ .. ဒါတောင် အကင်း ရှိသေးတာနော်၊ ကျွန်တော့် ဦးလေးရဲ့ အင်တာနက် ဆိုင်ဆိုလည်း ကျွန်တော် နာမည် ပေးထားတာ၊ TMK Internet Cafe` တဲ့။
မေး။ ဘာတုန်းကွ ... TMK
ဖြေ။ တင်မောင်ကြည်လေ .. တင်မောင်ကြည် အင်တာနက်ပေါ့၊ ထပ်စဉ်းစား ထားတာ ရှိသေးတယ်၊ သံဃာတော်တွေ ချည်းပဲ သီးသန့်သုံးလို့ရမယ့် အင်တာနက်ဆိုင် ဖွင့်မလားလို့၊ ဖွင့်တဲ့အခါ ပေးဖို့ ဆိုင်နာမည်တောင် စဉ်းစားပြီးပြီ။
မေး။ တယ်ဟုတ်ပါ့လား ... ဘယ်လို နာမည် စဉ်းစား ထားတုန်းကွ။
ဖြေ။ ဓမ္မဒူတ အင်တာနက် ကဖေး ... လို့။
မေး။ အော် .. ဒီလို ရှိတယ်လား၊ အေးပါကွာ .. အေးပါ၊ ဒါနဲ့ ညီလေးက ဒီဆိုင်မှာ အလုပ်လုပ်တာ Part Time လား၊ Full Time လား။
ဖြေ။ ပတ်တိုင်းလည်း မဟုတ်ဘူး၊ ဖူးတိုင်းလည်း မဟုတ်ဘူး၊ တိုင်းချင်ရာ တိုင်းတာ၊ ဟုတ်တယ်လေ ... တစ်လလုံး တစ်ရက်မှ အလုပ် မဆင်းတဲ့ ဥစ္စာပဲ၊ အခုတောင် ကျွန်တော့် အင်တာဗျူး လုပ်မယ် ဆိုလို့ အားနာပါးနာ လာရတာ။
မေး။ ဘယ်လို ... ဘယ်လို၊ မင်းက တစ်လလုံး အလုပ် မဆင်းဘူး ဆိုတော့ မင်းဘယ်လိုလုပ် လခရမလဲ၊ အလုပ် မဆင်းတော့ရော ဆိုင်ရှင်က မင်းကို လစာမဖြတ်ဘူးလား။
ဖြေ။ ဖြတ်တာပေါ့ဗျ၊ ဖြတ်တာမှ ပက်ပက်စက်စက်ကို ဖြတ်တာ၊ တစ်ရက် အလုပ်မဆင်းရင် ထောင့်ငါးရာ ဖြတ်တယ်လေ။
မေး။ အေးလေ ... မင်းက တစ်လလုံး တစ်ရက်မှ အလုပ်မဆင်းဘူး ဆိုတော့ လစာ အဖြတ်ခံရမှာ မကြောက်ဘူးလား။
ဖြေ။ မကြောက်ပေါင်၊ သူက တစ်ရက် မလာရင် ထောင့်ငါးရာဖြတ်၊ ကျွန်တော့် လစာက တစ်လ ခြောက်သောင်း၊ ဒီတော့ တစ်လလုံး အလုပ် မဆင်းရင် လေးသောင်းခွဲ အဖြတ် ခံရတယ်၊ လကုန်လို့ ပြန်တွက်တော့ ကိုယ့်အတွက် တစ်သောင်းခွဲ ကျန်တယ်လေ၊ လစာတောင် ခပ်တည်တည် သွားထုတ်လို့ ရသေးတယ်။
မေး။ အော် ... အပြောမဟုတ် အလုပ်နဲ့ သက်သေ ပြတယ်ပေါ့၊ ဟုတ်ပါပြီ .. ဒီခေတ်ကလေ Customer Service ကို အလေးထားတဲ့ ခေတ်ဆိုတော့ ညီလေးတို့ ဆိုင်မှာ Customer စိတ်ကျေနပ်အောင် ဘာတွေများ စီစဉ် ပေးထားလဲ။
ဖြေ။ ဟာ .. စီစဉ် ပေးတာပေါ့၊ ကျွန်တော်တို့က Customer ကို အလေးထား တယ်လေ၊ ဆိုင်ကို လာတဲ့သူတွေ ကြိုက်မှန်း မသိ၊ မကြိုက်မှန်း မသိ အဲယားကွန်းကို စွတ် စွတ် မဖွင့်ဘူး၊ တချို့က အအေး မကြိုက်ဘူးလေ၊ ဒီတော့ မဖွင့်ဘူး။
မေး။ ဟ .. ဒါဖြင့် အအေးကြိုက်တဲ့ သူတွေကျ ဘယ်လို လုပ်မတုန်း မောင်ရင်ရဲ့။
ဖြေ။ ယပ်တောင်တွေ ချိတ်ပေး ထားတယ်လေ၊ Self-service ပေါ့၊ အိုက်ရင် ယပ်တောင်ခပ်၊ အေးအေးလူလူ အင်တာနက် သုံးပေါ့ဗျာ။ ခြင်မကိုက်အောင်လည်း အချိန်ပြည့် မီးခိုးမှိုင်း တိုက်ပေးထားတယ်။
မေး။ အော် ... အားရှိစရာ၊ ဒါပဲလားကွ ... တခြား Promotion တွေ ဘာတွေရော မရှိတော့ဘူးလား။
ဖြေ။ ရှိတာပေါ့ဗျာ .. ရှိတာပေါ့၊ အင်တာနက် တစ်နာရီ သုံးရင် ဗိုင်းရပ်စ် ငါးကောင် လက်ဆောင် ပေးတယ်လေ၊ ဒီထက် ကောင်းတာက တစ်နာရီသုံးရင် တစ်နာရီ လက်ဆောင် ထပ်ပေးတယ်။
မေး။ ကောင်းလှချည်လားကွ ... ဘာဖြစ်လို့ ဒီလောက်တောင် ရက်ရက်ရောရော ပေးတာတုန်း။
ဖြေ။ မပေးလို့လည်း မရဘူးလေ၊ တစ်နာရီတည်း သုံးမယ်ဆို ကော်နက်ရှင်မှ မတက်တာ၊ သုံးပြီး တစ်နာရီနဲ့ ဆယ့်ငါး မိနစ်နေမှ G-talk စတက်တယ်၊ အဲ ... G-mail ရော G-talk ရော ကျန်တဲ့ Website တွေ အားလုံးရော စတက်တဲ့ အချိန်မှာ တစ်နာရီနဲ့ မိနစ် ငါးဆယ် ဖြစ်နေပြီ၊ အဲ .. နောက်ဆယ်မိနစ် နေလို့ နှစ်နာရီလည်း ပြည့်ရော စက်က အော်တို Shutdown ကျသွားရော။
မေး။ မင်းဟာကလည်း အားတက်စရာ ... မင်းတို့ ဆိုင်မှာ Customer တွေ အသုံးပြုဖို့ စက်က ဘယ်နှစ်လုံး ထားပေးလဲ။
ဖြေ။ အလုံး ၃၀
မေး။ မိုက်ပကွာ၊ စက်တွေ အများကြီး ဆိုတော့ တစ်နေ့တစ်နေ့ ပိုက်ဆံတော့ တော်တော် ရမှာပဲ၊ နေပါဦးကွ .. တစ်နေ့ကို ဆိုင်ဝင်ငွေ ဘယ်လောက် ရသတုန်း။
ဖြေ။ အာ .. ထောင့်ငါးရာ၊ နှစ်ထောင်တော့ ခပ်မာမာ ဝင်တာပဲ။
မေး။ ဟဲ့ .. ဘယ့်နှယ် စက်အလုံး ၃၀ တောင် ရှိတဲ့ဟာ၊ ဘယ်လိုဖြစ်လို့ တစ်နေ့ဝင်ငွေက ထောင့်ငါးရာ ဖြစ်တာတုန်း၊ ကော်နက်ရှင် မကောင်းလို့လား။
ဖြေ။ (အလွန်အမင်း ကြောက်ရွံ့ဟန်နှင့်) ဟာ ... ကောင်းပါတယ်ဗျ၊ တိုးတိုးလုပ်ပါ ... ကြမ်းကြား လေကြား တော်ကြာ Customer တွေ ကြားကုန်မှဖြင့် ထောင့်ငါးရာတောင် မလာတော့ဘဲ ဖြစ်သွားဦးမယ်။
မေး။ ဒါဖြင့် ဘယ်လိုဖြစ်တာတုန်း။
ဖြေ။ စက်က အလုံးသုံးဆယ် ရှိတာ မှန်တယ်လေ၊ ဒါပေမယ့် ၁၅ လုံးက ပျက်နေပြီ၊ ပြန်ပြင် မရတော့ဘူး၊ ကျန်တဲ့ ၁၅ လုံးမှာ ဆယ်လုံးက Network ကြိုး ကြွက်ကိုက် ကုန်လို့ အင်တာနက် မရတော့ဘူး၊ ကျန်တဲ့ ငါးလုံးမှာ လေးလုံးက Ctrl ရယ်၊ Alt ရယ်၊ Del ရယ် .. အဲဒီ ခလုပ် သုံးခုပဲ နှိပ်လို့ရတယ်၊ ဒီတော့ Server တစ်လုံးရယ်၊ Client တစ်လုံးရယ်ပဲ ရှိတော့တာ အဟီး။
မေး။ အောင်မလေး ... တော်ပါတော့ကွာ၊ တော်ပါတော့ .. ဗျူးမိတာကိုက ငါ့အမှားပါ၊ ဆက်မေးနေရင် System ပုံးထဲ ပိုးဟပ် ဝင်နေတာတို့၊ မော်နီတာ ထဲက ပုရွက်ဆိတ ထွက်လာတာတို့ ဖြစ်တော့မယ်၊ သွားမှ .. သွားမှ။
အဲဒီလို အောင်မြင်စွာ ထင်တာဗျူး ပြီးတဲ့နောက် သူရဿဝါလည်း သူတို့ရဲ့ ဆိုင်မှာတောင် အင်တာနက် မသုံးရဲ တော့ဘဲ အောင်ဖျာလိပ် ပြန်လာ ရတော့တာပဲခင်ဗျာ။


Fwd: Check out "ကွန်ပျူတာကို မြန်ဆန်စေဖို့ လုပ်ဆောင်ရန်အချက်" on ဧဒင်ဥယျာဉ်



---------- Forwarded message ----------
From: ဥယျာဉ်မှူး ၆ <share@edinooyin.com>
Date: 2011/8/3
Subject: Check out "ကွန်ပျူတာကို မြန်ဆန်စေဖို့ လုပ်ဆောင်ရန်အချက်" on ဧဒင်ဥယျာဉ်
To: "soemoeaung87@gmail.com" <soemoeaung87@gmail.com>


The Most Popular Myanmar Social Network.
ဥယျာဉ်မှူး  ၆
ယနေ့ဖတ်စရာ 'ကွန်ပျူတာကို မြန်ဆန်စေဖို့ လုပ်ဆောင်ရန်အချက်'

ရေးသားသူ : December Mgmg

ကျွန်တော် စာဖတ်သူတို့ရဲ့ Computerကို  မြန်မြန်ဆန်ဆန်သုံးနိုင်ဖို့ နည်းလမ်းပေးပါမယ် ။ ပြောနေတာ ကြာပါတယ် ခုပဲ လုပ်ကြရအောင်  ။   Run>>&g...

ဖတ်ရန်အောက်ပါလင့်ကိုကလစ်ပါ :
ကွန်ပျူတာကို မြန်ဆန်စေဖို့ လုပ်ဆောင်ရန်အချက်

ဧဒင်ဥယျာဉ် ၏ ယနေ့အချက်အလက်များ
The Most Popular Myanmar Social Network
ဧဒင်ဥယျာဉ် 37182 members
45268 photos
1053 videos
11302 discussions
16055 blog posts
 
ဧဒင်မှစာများထိန်းချုပ်ချင်ပါကဒီမှာကလစ်ပါ

Fwd: Check out "WinR ကို ဘယ်လို Passwoard ထည့်မလဲ?" on FOREVER FRIENDS ထာဝရသူငယ်ချင်းများ



---------- Forwarded message ----------
From: Zero Cool (joey) <share@forverfriends.ning.com>
Date: 2011/8/2
Subject: Check out "WinR ကို ဘယ်လို Passwoard ထည့်မလဲ?" on FOREVER FRIENDS ထာဝရသူငယ်ချင်းများ
To: "soemoeaung87@gmail.com" <soemoeaung87@gmail.com>


Zero Cool (jo…
Check out the blog post 'WinR ကို ဘယ်လို Passwoard ထည့်မလဲ?'

Blog post added by December Mgmg:

ကျွန်တော်တင်ထားတာက ရိုးရိုးဆင်းဆင်းလေးတွေပါပဲ ။ သိပြီးသားဆိုရင်လည်း မသိသေးတဲ့ လူတွေ အတွက်ပေါ့ဗျာ ။         ကဲ...စကြရအောင်ပါ ။ ပထမဆုံး ကWinR...

Blog post link:
WinR ကို ဘယ်လို Passwoard ထည့်မလဲ?

About FOREVER FRIENDS ထာဝရသူငယ်ချင်းများ
WELCOME TO FOREVER FRIENDS Waiting from -http://forverfriends.ning.com/
FOREVER FRIENDS ထာဝရသူငယ်ချင်းများ 59881 members
88754 photos
38475 songs
6064 videos
3145 discussions
33767 blog posts
 
To control which emails you receive on FOREVER FRIENDS ထာဝရသူငယ်ချင်းများ, click here

Fwd: Check out "Folder မ Lock ဘဲ့နဲ့ Floder ဖျောက်မယ်" on ဧဒင်ဥယျာဉ်



---------- Forwarded message ----------
From: ဥယျာဉ်မှူး ၆ <share@edinooyin.com>
Date: 2011/8/3
Subject: Check out "Folder မ Lock ဘဲ့နဲ့ Floder ဖျောက်မယ်" on ဧဒင်ဥယျာဉ်
To: "soemoeaung87@gmail.com" <soemoeaung87@gmail.com>


The Most Popular Myanmar Social Network.
ဥယျာဉ်မှူး  ၆
ယနေ့ဖတ်စရာ 'Folder မ Lock ဘဲ့နဲ့ Floder ဖျောက်မယ်'

ရေးသားသူ : December Mgmg

ကဲ စာဖတ်သူတို့ရေ..ဘယ်လိုလုပ်မှာလဲ Folder  မ Lock ဘဲ့နဲ့ Floder ဖျောက်မယ်တဲ့ ။ ဟီး ဖြစ်နိုင်ပါဘူးနော် ။ ဒါပေမယ့် တကယ်နော်...စာဖတ်သူတို့ရေ......

ဖတ်ရန်အောက်ပါလင့်ကိုကလစ်ပါ :
Folder မ Lock ဘဲ့နဲ့ Floder ဖျောက်မယ်

ဧဒင်ဥယျာဉ် ၏ ယနေ့အချက်အလက်များ
The Most Popular Myanmar Social Network
ဧဒင်ဥယျာဉ် 37226 members
45355 photos
1053 videos
11325 discussions
16093 blog posts
 
ဧဒင်မှစာများထိန်းချုပ်ချင်ပါကဒီမှာကလစ်ပါ