Friday, 30 March 2012

အစမ်း

ဖုန်းနဲ့အစမ်းတင်ကြည့်ခြင်း

Saturday, 17 March 2012

Fwd: Check out "အပတ်စဉ်အင်တာနက်ဂျာနယ် Download ရယူနိုင်ရန်" on ဧဒင်ဥယျာဉ်



---------- Forwarded message ----------
From: Editor Group <share@edinooyin.com>
Date: Sat, Mar 10, 2012 at 8:41 AM
Subject: Check out "အပတ်စဉ်အင်တာနက်ဂျာနယ် Download ရယူနိုင်ရန်" on ဧဒင်ဥယျာဉ်
To: "soemoeaung87@gmail.com" <soemoeaung87@gmail.com>


The Most Popular Myanmar Social Network.
Editor Group
ယနေ့ဖတ်စရာ 'အပတ်စဉ်အင်တာနက်ဂျာနယ် Download ရယူနိုင်ရန်'


အပတ်စဉ် အင်တာနက်ဂျာနယ်များကို ဂျာနယ်ထွက်ရှိပြီး နောက်တစ်နေ့မှာ အခမဲ့ Download ရယူနိုင်မယ့် Website လေးပါ။ ဒါ့အပြင်လာမယ့်အပတ်ကစပြီး လစဉ်ထုတ်...

အပြည့်အစုံဖတ်ရန်အောက်ပါ လင့်ကိုကလစ်ပါ :
အပတ်စဉ်အင်တာနက်ဂျာနယ် Download ရယူနိုင်ရန်

ဧဒင်ဥယျာဉ် ၏ ယနေ့အချက်အလက်များ
The Most Popular Myanmar Social Network
ဧဒင်ဥယျာဉ် 62177 members
72554 photos
2016 videos
20567 discussions
11 Events
25319 blog posts
 
ဧဒင်မှစာများထိန်းချုပ်ချင်ပါကဒီမှာကလစ်ပါ

Tuesday, 6 March 2012

IDM 6.09 built 2 (နောက်ဆုံးထွက် version)






Posted: 18 Feb 2012 07:38 AM PST
nevercry009@gmail.comပထမကညီလေး..computer မှာ. သီချင်းဒေါင်းလောဒ့် မရှိလို့ ဆိုင်မှာ လုပ်ခိုင်းတာ..ဆိုင်က လူကပြော တယ်...ဆော့ဝဲထဲ့ပေးထားတယ်တဲ့... သူထဲ့ပေးတဲ့...ဆော့ဝဲက ဘယ်လိုမျိုးလဲ ညီလေးလဲမသိဘူး....ဒါပေမဲ့..ညီလေးသိချင်းဒေါင်းရတာတော်တော်လေး လွယ်ကူ တယ်... ညီလေးက ထင်တာကတော့ အဆင်ပြေ တယ်ပေါ့... ၁လကြာတော့...ဒေါင်းလို့မရတော့ဘူး...free download လဲမရတော့ ဘူးအကို...ဒေါင်းလိုက်ရင်...First name .....Last name...G mail...Serial number. တွေပဲတောင်းနေတယ် အကို...ဘယ်လိုပြန်လုပ်ရမလဲ အကို...ဖြစ်နိုင်ရင်..ညီလေးကိုကူညီပါအုံး...အကို..သီချင်းဒေါင်းလော့လုပ်ချင်တာ...မရတော့ဘူးအကို...ကူညီပါအုံး.. ရရင်...ညီလေးကို..kooo.nevercry@gmail.com ကို .  .မေး(လ်)ပို့ပေးပါ အကို.... အကိုပြန်ပို့မဲ့မေး(လ်)ကို.. ညီလေးစောင့်နေ ပါတယ်... သီချင်းဒေါင်းချင်လို့ပါ...

ညီလေးရေ အစ်ကို by name နဲ့ ပို့တဲ့ဟာက အရမ်းနည်းပါတယ်. မဖြစ်မနေ ပို့သင့်တဲ့ အကြောင်း အရာဆိုရင်တော့ ပို့ပေးပါတယ်. အခုလိုမျိုးကတော့ ပို့စ်တင်ဖြစ်တာများပါတယ်. ဘာလို့လဲဆိုရင်. တစ်ယောက်တည်းကို မေးလ်ပို့ရတဲ့အချိန်ကို ၀ဘ်ဆိုက်မှာ တင်လိုက်တဲ့အချိန်နဲ့ အစားထိုးလိုက်တာပါ. အားလုံးအတွက် အဆင်ပြေသွားအောင်လို့ပါ. အရင်ကလည်းပဲ လုပ်နည်းကို တင်ပေးထားပါတယ်. အခုလည်း video ဖိုင်နဲ့တော့ မတင်ပေးလိုက်တော့ပါဘူး. microphone ပါမလာလို့ပါ.
လုပ်နည်း (၁)
  • "ctrl + alt + delete" ဒါမှမဟုတ် Task Bar ကို right click ထောက်ပြီး start Task manager ကို နှိပ်လိုက်ပါ.
  • ပြီးရင် process ကို ရွေးပြီးနှိပ်လိုက်ပါ. အဲ့အထဲမှာ IDMan.exe ဆိုတဲ့ ဖိုင်နာမည်ကို နှိပ်ပြီး end process ကိုနှိပ်လိုက်ပါ (or) အရင်တင်ထားတာကို uninstall လုပ်လိုက်လည်း ရပါတယ်.
  • ပြီးတာနဲ့ အခုတင်ပေးလိုက်တဲ့ထဲက idman609.exe ဖိုင်ကို double click နှိပ်ပြီး install လုပ်လိုက်ပါ.
  • အားလုံးပြီးသွားရင်တော့ တင်ပေးထားတဲ့ IDM.v6.xx.release.3-patch နာမည်နဲ့ဖိုင်ကို internet download manager ရဲ့ Location ထဲကို သွားပြီး paste လုပ်လိုက်ပါ.
  • ပြီးရင် right click ထောက်ပြီး Run as administrator နဲ့ Run လိုက်ပြီး patch ဆိုတာကို နှိပ်လိုက်ပါ. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.

လုပ်နည်း (၂)
  • ဒီပို့စ် ထဲက internet download manager ကို download လုပ်လိုက်ပါ။
  • "ctrl + alt + delete" ဒါမှမဟုတ် Task Bar ကို right click ထောက်ပြီး start Task manager ကို နှိပ်လိုက်ပါ.
  • ပြီးရင် process ကို ရွေးပြီးနှိပ်လိုက်ပါ. အဲ့အထဲမှာ IDMan.exe ဆိုတဲ့ ဖိုင်နာမည်ကို နှိပ်ပြီး end process ကိုနှိပ်လိုက်ပါ . ပြီးတာနဲ့ Download လုပ်ထားတဲ့ ဖိုင်ကို ဖြည်လိုက်ပြီးအထဲက unregister.reg ဆိုတဲ့ registry ဖိုင်လေးကို Double click နှိပ်ပြီး run ပေးလိုက်ပါ. အဲ့ပို့စ်ထဲက video ထဲကအတိုင်းပဲ လုပ်လိုက်ပါ. patch တော့ မလုပ်ပါနဲ့တော့ ပြီးတာနဲ့ အဲ့ထဲက ညီလေးပြောတဲ့ first name တို့ဘာတို့ကို တစ်ခါတည်း ဖြည့်ပေးထားတဲ့ registry key ဖိုင်ကို မိမိတင်ထားတဲ့ window က 32bit လား 64bit လားဆိုတာကို ကြည့်ပြီးတော့ 32bit ဆိုရင် 32bit အတွက်လုပ်ထားတဲ့ registry ဖိုင်ကို run ရမှာဖြစ်ပြီးတော့ 64 bit ဆိုရင်တော့ 64bit နဲ့လုပ်ထားတဲ့ registry ဖိုင်ကို run ရမှာဖြစ်ပါတယ်. (သတိ-ပထမဦးဆုံး unregister.reg ဖိုင်ကိုအရင် run ပါ) အဲ့ဒါဆိုရင်တော့ ညီရဲ့ ပေါ်နေတဲ့ box လေး မပေါ်လာတော့ဘဲနဲ့ register ဖြစ်သွားပါလိမ့်မယ်. အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.

Download  IDM 6.09 built 2
Ifile | Mediafire | Mirrorcreator
Posted: 18 Feb 2012 07:47 AM PST
ခဏခဏ မေးပို့ပြီးတော့ မေးလာကြတာ အရမ်းအားနာလို့ တင်ပေး လိုက်ပါတယ်. ဟက်နည်းကိုတော့ ဒီမှာ ဖတ်လိုက်ပါ tutorial လုပ်ပြထားပါတယ်. လုပ်လို့ရတယ် မရဘူးဆိုတာကတော့ လုပ်တဲ့သူရဲ့ ကျွမ်းကျင်မှု့ပေါ်မှာ မူတည်နေလိမ့်မယ်လို့ ပြောလိုက်ပါရစေ. tutorial နဲ့ သေချာမရှင်းပြတာဟာ မရှင်းပြချင်လို့မဟုတ်ဘဲ. မြန်မာပြည်က wifi လွှင့်ပေးပြီး ရောင်းနေတဲ့သူများနှင့် တစ်ခြား wifi လွှင့်ပြီး သုံးနေရတဲ့ သူများအတွက်ကြောင့်မို့ tutorial movie ဖိုင်နဲ့ မရှင်းပြလိုက်တာ ဖြစ်ပါတယ်. အဲ့အတွက် နားလည်ပေးနိုင်လိမ့် မယ်လို့လည်းမျှော်လင့်မိပါတယ်. ပို့စ်တစ်ခု တင်ဖို့ လုပ်တိုင်း အမြဲနှစ်ဦးနှစ်ဖက်အတွက် စဉ်းစားပြီးမှ တင်ပေးရတာဖြစ်လို့ တစ်ချို့ မှားတာများရှိရင်လည်း နားလည်ပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်. ကဲတောင်းဆိုထားတဲ့သူများ software ကို အောက်မှာ download လုပ်လိုက်ပါ. ဖိုင်နာမည်လေး နဲ့ version လေးနဲ့ တင်လိုက်တာလေးများ ဘယ်ဖိုင်ကိုမှ မဖျက်ခိုင်းပါဘူး ဆိုတဲ့ညီငယ်များအတွက် ဖျက်ခိုင်းတယ်၊ တကယ်ဖျက်ခိုင်းလို့လဲ mediaifre ကနေ ဖျက်လိုက်ပြီဆိုတာကို သိစေချင်ပါတယ်. ဖိုင်တွေကို ဘာလို့ ၀ှက်ထားရသလဲ ဆိုတာကို နားလည်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်.


Download mediafireifile.it | mirrorcreator

Posted: 18 Feb 2012 07:48 AM PST
ထင်ထားသလိုပဲ ဖြစ်လာပါပြီ. microsoft company ကနေ mediafire ဆိုက်ကို မေးလ်ပို့ပြီးတော့ အထဲက window7 နဲ့သက်ဆိုင်တဲ့ ဖိုင် 2 ဖိုင်နဲ့ တစ်ခြားဖိုင် စုစုပေါင်း 42 ဖိုင်ကို ဖျက်ခိုင်းလိုက်ပါတယ်. အားလုံးဟာ အရင်တုန်းကပြောခဲ့သလိုပါပဲ. search engine ကနေ ရှာလို့ ရလာတဲ့ ဖိုင်တွေချည်းပါပဲ. အဆိုးဆုံးကတော့ software နာမည်နဲ့ version ကို ထည့်ပြီးတော့ တင်ပေးလိုက်တာ ဆိုးသွားပါတယ်. အဲ့အတွက်ကြောင့်မို့ တစ်ကယ်လို့များ အရင်တုန်းက တင်ထားတဲ့ဖိုင်တွေထဲက ပျက်ခဲ့တာများရှိရင် မေးလ်ပို့ပေးပါ. ဒါမှမဟုတ်ရင် version အသစ်တင်ပေးပါ့မယ်. အခုလက်ရှိ ifile.it ကလည်း ဖိုင်တင်ဖို့အတွက် ပိတ်ထားပါတယ်. mediafire ကတော့ မပိတ်ပါဘူး. ဒါပေမယ့် ဖိုင်တွေကို copyright နဲ့ ငြိနေတဲ့အတွက် ဖျက်လိုက်တာပါဆိုတဲ့ reason နဲ့ microsoft က နေ တောင်းဆိုတဲ့ စာတွေကို ဖော်ပြထားပါတယ်. ဒါပေမယ့် တကယ်လို့ အဲ့ဒီ့တင်ပေးတဲ့ software ဟာ ကျွန်တော်ပိုင်တယ်ဆိုရင် complain တက်ဖို့အတွက် pin number 4 လုံးပေးထားပါတယ်. အခုကျွန်တော်ပိုင်တာမဟုတ်တဲ့အတွက် complain တက်လို့မရပါဘူး. အဲ့အတွက်ကြောင့်မို့ နောက်ဆိုရင်တော့ အရင်ကပြောထားသလိုပဲ. 000000 သုံည 6 လုံးကနေ စပြီးတော့ counter ရေတွက်ပြီးတင်ပေးပါ့မယ်. အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. တစ်ခုမဟုတ်တခုနဲ့တော့ အတတ်နိုင်ဆုံး မြန်မာပြည်သူ/ပြည်သားတွေအတွက် တင်ပေးမှာပါ စိတ်မပူပါနဲ့. နောက်ဆုံးအဆင့် ifile နဲ့ mediafire ကို တရားဝင်ပိတ်လိုက်ရင်တောင်မှ ကျွန်တော် ကြိုပြီးစဉ်းစားထားတာ ရှိပါတယ်. အဲ့အတွက် စိတ်မပူပါနဲ့. အခုပို့စ်ဟာ တစ်ချို့ link တွေ အလုပ်မလုပ်တော့တဲ့အတွက်ကြောင့်မို့ comment တွေ တက်လာကြတာ တွေ့ပါတယ်. အဲ့အတွက်ကြောင့်မို့ ပြောပြတာပါ. ဖျက်ပစ်ရတဲ့ အကြောင်းရင်းနဲ့ တောင်းဆိုထားတဲ့ စာတွေကတော့ ရှည်ပြီးတော့ များလို့ screenshort ရိုက်ပြီး မပြတော့ပါဘူး.


ညီနေမင်း(နည်းပညာ)


You are subscribed to email updates from ညီနေမင်း (နည်းပညာ)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Rounter setting ထဲ မ၀င်တတ်လို့ပါ.







Posted: 08 Feb 2012 10:28 AM PST
robin.9909@gmail.comကျတော်router Tp link model TL-WR941ND အမျိုးအစား သုံးထားပါတယ်။ ကျတော်ကအပြင်ကို ပြန်ပြီးလွှင့်ပါတယ်။ ကျတော်မသိတဲip တွေ ၀င်လာပါတယ် ကျတော်ကတော့ ပိတ်ထားချင်ပါတယ်။ mac address ကိုrouter ထဲမှာထည်ပြီး ပိတ်ထားလဲ မရပါဘူး။ ဘယ်လိုပိတ်ရင်ရပါလဲ။ ဆောဝဲလေးရှိရင်ကူညီပါအုံး။ router ထဲမှာ ဘယ်လိုပိတ်ရလဲ ဆိုတာကိုလဲ ပြောပေးပါနော်

ကျွန်တော် wifi ဖောက်နည်းနဲ့ ပတ်သက်ပြီး ပို့စ်မတင်တာ အဲ့ဒါတွေ ပါပါတယ်. ခုအချိန်အထိလည်းပဲ သူများ လွှင့်ထားတဲ့ wifi password ခံထားရင် ဘယ်တုန်းကမှ မဖောက်ခဲ့ဖူးပါဘူး. wifi ကိုဖောက်ဖို့ စမ်းတုန်းကတောင်မှ ကို့သူဌေး လွှင့်ထားတဲ့ wifi ကိုပဲ laptop အသစ်နဲ့ ဖောက်ခဲ့ဖူးတာပါ. ဒါဟာလည်း ကျွန်တော်တို့ကို ပေးထားပြီးသား password ပါပဲ. ရမရ အောင်မြင်/မအောင်မြင် သိချင်ယုံစမ်းတာပါ. ကျွန်တော်အင်တာနက်ကို ခုအချိန်အထိ ပိုက်ဆံပေးပြီး ဆိုင်မှာ သုံးချင်ရင် သုံးမယ် မဟုတ်ရင်တော့ ကိုယ်ပိုင်ဖုန်းလိုင်းနဲ့ သုံးပါတယ်. ဘာဖြစ်လို့လဲဆိုရင် သူတို့တွေက ပိုက်ဆံပေးပြီး လိုင်းဝယ်ထားတယ် ကိုက လက်အငြိမ်မနေပဲ download ဆွဲမယ့်သူလေ. အဲ့တော့ သူတို့ဖက်မှာ လိုင်းတွေ ကျသွားတာပေါ့. အဲ့ဒီ့အတွက်ကြောင့် သူများလွှင့်တဲ့လိုင်းကို မသုံးဖြစ်တာပါ. တစ်ချို့တွေက နားမလည်ဘဲနဲ့ သူငယ်ချင်းတွေ သုံးစေချင်လို့ wifi ကို ဖွင့်ပေးထားပါတယ်. setting ထဲကိုဘယ်လို ၀င်ရမယ် ဘယ်လိုပြင်ရမယ်ဆိုတာကို နားမလည်ကြပါဘူး. အဲ့လို နားမလည်တဲ့သူတွေကို နားလည်တဲ့သူတစ်ချို့က သူ့ရဲ့လိုင်းထဲကိုဝင် ပြီးတော့ သူ့ရဲ့ Default IP ကို ပြောင်းတယ်. Default username နဲ့ Default password ကိုပါ ပြောင်းလိုက်ပါတယ်. ဟိုက နားမလည်တော့ ဘာမှ မလုပ်တတ်တော့ဘူးပေါ့. အဲ့ဒီ့အတွက် ပို့စ်သီးသန့်ရေးပေးပါ့မယ်. ယခုလက်ရှိ ကျွန်တော် သုံးနေတာက Hongdian အမျိုးအစား 3G rounter ကို သုံးနေပါတယ်. ညီလေးရေ အောက်က နည်းအတိုင်း စမ်းကြည့်လိုက်ပါ.

ညီလေးရဲ့ TL-WR941ND အမျိုးအစားရဲ့ IP, Username, Password ကိုအောက်မှာ ပေးထားပါတယ်.

TL-WR941ND Default IP:
192.168.1.1

TL-WR941ND Default Password:
admin

TL-WR941ND Default Username:
admin 

ဘယ်လိုသုံးရမှာလဲဆိုရင်တော့ ပထမဦးဆုံး IE(internet explorer) ဒါမှမဟုတ် firefox စတဲ့ browser တစ်ခုခု ဖွင့်လိုက်ပါ. ညီလေး firefox browser ရှိလိမ့်မယ်လို့ ယူဆပါတယ်. အဲ့တော့ အဲ့ဒီ့ browser မှာ 192.168.1.1 ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ. Username နဲ့ password တောင်းပါလိမ့်မယ်. အပေါ်မှာပေးထားသလို စာလုံးအသေးနဲ့ပဲ username = admin, password = admin ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ. အဲ့ဒါဆိုရင် ညီလေးရဲ့ rounter setting ထဲကို ရောက်သွားပါပြီ. ညီလေးအနေနဲ့ အဲ့ဒီ့အထဲမှာ ၀င်ပြီးတော့ ပြင်ကြည့်လိုက်ပါ. အဲတကယ်လို့ 192.168.1.1 နဲ့လုံးဝ ၀င်မရတော့ဘူး ဆိုရင်တော့ တစ်ယောက်ယောက်က အပေါ်ကပြောထားသလိုမျိုး ၀င်ပြင်ပြီး ပြောင်းသွားပြီလို့ မှတ်လို့ရပါတယ်. ဒါပေမယ့် စိတ်မပူပါနဲ့. rounter ကို Default reset ချလို့ရပါတယ်. ညီလေးရဲ့ rounter ရဲ့နောက်နားမှာ သွားကြားထိုးတံလောက်ရှိတဲ့ အပေါက်လေး ပါပါလိမ့်မယ်. များသောအားဖြင့်တော့ အပေါက်အောက်မှာ DEF လို့ရေးထားတတ်ပါတယ်. ဒါပေမယ့် rounter အမျိုးအစားနဲ့ ရေးသားတဲ့စာသားချင်း မတူညီနိုင်ပေမယ့် အပေါက်ကတော့ အတူတူပါပဲ. အဲ့ဒီ့ အပေါက်ထဲကို အပေါက်နဲ့ဆံ့တဲ့ တုတ်တံတစ်ချောင်းကို 1 မိနစ်လောက် မလွတ်ဘဲနဲ့ ထိုးထားလိုက်ပါ. တစ်မိနစ် ပြည့်သွားတာနဲ့ ပြန်လွှတ်လိုက်ပါ. အဲ့ဒါဆိုရင် ညီလေးရဲ့ rounter ကို ပြောင်းထားတဲ့ rounter ip, username, password အားလုံးက မူရင်းအတိုင်းဖြစ်သွားပါပြီ . မူရင်းအတိုင်းဆိုတာက အပေါ်မှာ ပြထားတဲ့အတိုင်းပါ. အပေါ်က ပေးထားတဲ့အတိုင်း ပြန်ဝင်ရမှာ ဖြစ်ပါတယ်.

TL-WR941ND Default IP:
192.168.1.1

TL-WR941ND Default Username:
admin 


TL-WR941ND Default Password:
admin

ကဲကျန်တာကတော့ ကိုယ့်ဟာကို ပေးချက်တဲ့ Default IP:, ပေးချင်တဲ့ Default Username နဲ့ ပေးချင်တဲ့ Default Password ကိုသာပေးလိုက်ပါ . ပြီးတာနဲ့ ကိုလွှင့်လိုက်တဲ့ wifi password ကို ကိုပေးချင်တဲ့ password ကိုပေးပြီး save လုပ်လိုက်ပါ. အစ်ကို့မှာ ညီလေးအမျိုးအစား rounter မရှိတဲ့အတွက် အသေးစိတ် မရေးပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး. ဒါပေမယ့် အချိန်ရတယ်. ယုံကြည်တယ်ဆိုရင်တော့ ညီ့ရဲ့ ကွန်ပျူတာထဲကို ခဏ၀င်ပြီးတော့ ကြည့်ပေးပါ့မယ်. ဒါပေမယ့် အစ်ကို့ရဲ့ ဆိုက်မှာ တင်ဖို့အတွက် screen short တော့ ရိုက်ယူမှာ ဖြစ်ပါတယ်. screen short ရိုက်မယ်ဆိုတာက ညီရဲ့ အမှန် password နဲ့ အမှန် username ကို မရိုက်ပါဘူး. photoshop နဲ့ပြောင်းထားပေးမှာပါ. ပထမဦးဆုံး ၀င်ပြီးတော့ စမ်းစေချင်ပါတယ်. အရာရာတိုင်းဟာ စူးစမ်းချင်တဲ့စိတ်ရှိမှ အတတ်မြန်တာပါ. စမ်းသာစမ်းပါ. rounter မပျက်စေရဘူးလို့ အစ်ကို အာမခံပါတယ်. 

ခင်မင်လျှက်
ညီနေမင်း(နည်းပညာ)
Posted: 08 Feb 2012 09:48 AM PST
အကူအညီတောင်းဆိုသူများ သိစေရန်
ကျွန်တော့်ဆီကို အကူအညီတောင်းတဲ့သူများ အားလုံးနီးပါးကို အထူးမှာချင်တာလေး တစ်ခုရှိပါတယ်. ဘာလဲဆိုရင် ကိုဖြစ်နေတဲ့ ပြဿနာကို စာနဲ့ပဲ မပို့ပဲနဲ့ ဖြစ်နေတဲ့ပုံလေးကို screen short ရိုက်ပြီးတော့ ပို့ပေးစေချင်ပါတယ်. screen short ရိုက်တာ လွယ်လွယ်လေးပါ. ဘာမှမခက်ပါဘူး. မရိုက်တတ်တဲ့သူများအတွက် တစ်ခါတည်း သင်ပေးလိုက်ပါ့မယ်. photoshop နဲ့မှ screen short ရိုက်လို့ရတာ မဟုတ်ပါဘူး. paint နဲ့လဲ screen short ရိုက်လို့ရပါတယ်. paint ဆိုတဲ့ program ဟာ window စတင်ကတည်းက ပါထားပြီးသား program ဖြစ်လို့ လူတိုင်းသိကြလိမ့်မယ်လို့ ထင်ပါတယ်. photoshop နဲ့ကော paint နဲ့ပါ screen short ရိုက်နည်းကို ပြောပြပေးလိုက်ပါ့မယ် . နောက်တစ်ခါဖြစ်ရင်. ပုံလေးတွေနဲ့ ပို့ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်. 

Paint ဖြင့် screen short ရိုက်နည်း
ပထမဦးဆုံး paint program ကို ဖွင့်လိုက်ပါ.
window 7 မှာဆိုရင် start icon လေးရဲ့အထက်မှာ search program and file ဆိုတာရှိပါတယ်. အဲ့အကွက်ထဲမှာ paint ဆိုတဲ့ စာကို ရိုက်ထည့်လိုက်တာနဲ့ paint program ပေါ်လာပါလိမ့်မယ်. paint ကိုဖွင့်ထားပါ.
  •  ဖြစ်နေတဲ့ error box ကို မြင်ရပြီဆိုတာနဲ့ Desktop သမားများက keyboard မှာ Print Screen SysRq ဆိုတဲ့ စာသားလေးရှိပါတယ်. Scroll Lock ရှိတဲ့အကွက်မှာပဲ ရှိတတ်ပါတယ်. အဓိက ကတော့ screen ဆိုတဲ့ စာသားပါပါလိမ့်မယ်. Keyboard တစ်မျိုးနဲ့ တစ်မျိုး ရေးထားတာချင်း မတူညီလို့ပါ. အဲ့စာသားကို တစ်ချက်နှိပ်လိုက်ပါ. တစ်ချက်နဲ့ အားမရရင် နှစ်ချက်နှိပ်ပါ.
  • ပြီးတာနဲ့ paint program ကို ပြန်သွားပါ။
  • ctrl + v (or) လွတ်နေတဲ့ အဖြူရောင်အကွက်မှာ right click ထောက်ပြီးတော့ paste လုပ်လိုက်ပါ. ပြီးတာနဲ့ save (or) ctrl + s ကိုနှိပ်လိုက်ပါ။ အဲ့ဒီ့မှာ Save as type အကွက်မှာ (.png, .gif, .jpg) အဲ့သုံးမျိုးထဲက တစ်မျိုးမျိုးကိုရွေးပြီးတော့ သင့်တော်တဲ့နေရာမှာ save လုပ်လိုက်ပါ. 
  • ဒါဟာ paint နဲ့ screen short ရိုက်နည်းပါ. ပို့ပေးရမှာလည်းပဲ အဲ့ဒီ့ပုံပါပဲ.
------
Adobe photoshop ဖြင့် screen short ရိုက်နည်း

Adobe photoshop ဖြင့် screen short ရိုက်နည်း
ပထမဦးဆုံး Adobe photoshop program ကို ဖွင့်လိုက်ပါ.
window 7 မှာဆိုရင် start icon လေးကို နှိပ်လိုက်တာနဲ့ photoshop ဆိုတဲ့ program ကို စတွေ့ပါလိမ့်မယ်.  Adobe photoshop program ကိုဖွင့်ထားပါ.
  •  ဖြစ်နေတဲ့ error box ကို မြင်ရပြီဆိုတာနဲ့ Desktop သမားများက keyboard မှာ Print Screen SysRq ဆိုတဲ့ စာသားလေးရှိပါတယ်. Scroll Lock ရှိတဲ့အကွက်မှာပဲ ရှိတတ်ပါတယ်. အဓိက ကတော့ screen ဆိုတဲ့ စာသားပါပါလိမ့်မယ်. Keyboard တစ်မျိုးနဲ့ တစ်မျိုး ရေးထားတာချင်း မတူညီလို့ပါ. အဲ့စာသားကို တစ်ချက်နှိပ်လိုက်ပါ. တစ်ချက်နဲ့ အားမရရင် နှစ်ချက်နှိပ်ပါ.
  • ပြီးတာနဲ့ Adobe photoshop program ကို ပြန်သွားပါ။
  • ctrl + n (or) File >> new ကို နှိပ်လိုက်ပြီး page setup ပေါ်လာရင် enter ခေါက်လိုက်ပါ ပြီးရင်  ctrl + v (or) လွတ်နေတဲ့ အဖြူရောင်အကွက်မှာ right click ထောက်ပြီးတော့ paste လုပ်လိုက်ပါ. ပြီးတာနဲ့ save (or) ctrl + s ကိုနှိပ်လိုက်ပါ။ အဲ့ဒီ့မှာ Save as type အကွက်မှာ (.png, .gif, .jpg) အဲ့သုံးမျိုးထဲက တစ်မျိုးမျိုးကိုရွေးပြီးတော့ သင့်တော်တဲ့နေရာမှာ save လုပ်လိုက်ပါ. 
  • ဒါဟာ Adobe photoshop နဲ့ screen short ရိုက်နည်းပါ. ပို့ပေးရမှာလည်းပဲ အဲ့ဒီ့ပုံပါပဲ.
Laptop သမားများအတွက်ကတော့ အတိုကောက်အနေနဲ့ PRT SC SYSRQ ဆိုပြီးတော့ ပါလာတတ်ပါတယ်. အဲ့လိုပါလာတဲ့ ကီးကို နှိပ်ရမှာပါ. နှိပ်တဲ့အခါမှာ function key လို့ခေါ်တဲ့ FN ဆိုတဲ့ ကီးကို အရင်နှိပ်ထားပြီးမှ PRT SC SYSRQ ဆိုတဲ့ ကီးကိုနှိပ်ရမှာ ဖြစ်ပါတယ်. FN + PRTSC  SYSRQ ပါပဲ. ဘာမှမထူးပါဘူး. လုပ်နည်းက အတူတူပါပဲ. အဲ့တော့ နောက်ပြဿနာလေးများဖြစ်မယ်ဆိုရင် screen short လေးရိုက်ပြီးပို့ပေးကြပါ. တစ်ချို့က ကွန်ပျူတာထဲကို ၀င်ပြီး ကူညီပေးမယ်ဆိုတာနဲ့ ဆက်ပြီးတော့ စကားမပြောတော့တဲ့ သူတွေရှိပါတယ်. တော်တော်တော့ ရယ်ရတယ်ဗျ. အလုပ်မအားတဲ့ကြားကနေ ကူညီပေးမယ်ဆိုတာတောင်. ကွန်ပျူတာထဲ ၀င်မယ်ဆိုတာနဲ့တင် ဘာကိုကြောက်တယ် မဆိုနိုင်ပါဘူး. ရပါပြီအစ်ကို ကျွန်တော့်ဟာကျွန်တော် လုပ်လိုက်ပါဦးမယ်ဆိုပြီး စကားမဆက်တော့ပါဘူး. ကဲ ကျွန်တော် ဆိုလိုချင်တာကတော့ ပုံလေးတွေနဲ့ ပို့ရင် နောက်လူတွေလဲ သိအောင် ကျွန်တော်လဲ ဘာ error လဲဆိုတာသိအောင်လို့ သက်သေသာဓကနဲ့ ဖြစ်သွားအောင်လို့ ပို့ခိုင်းလိုက်တာပါ.
..............................................

tarzan.villane09@gmail.comကိုညီနေမင်းခင်ဗျာ ကျွန်တော်ကို kaspersky antiviurs 2012 keygen ကို download ဆွဲတာမရလို့ပါခင်ဗျာ အဲဒါကိုညီနေမင်း ကျွန်တော်ကို အကူညီလေးတစ်ခုလောက်ပေး ပါလားခင်ဗျာ.. ကျေးဇူး တင်ပါတယ်....

ညီလေးရေ keygen လို့တော့ တင်ပေးတာ မတွေ့မိသေးပါဘူး. တွေ့ရင်လည်းပဲ trojan နဲ့ပေါင်းထားတဲ့ program တစ်ခုလို့ပဲ အစ်ကို့အနေနဲ့တော့ ယူဆမိပါတယ်. အန္တရယ်အကင်းဆုံးနဲ့ အကောင်းဆုံးဖြစ်တဲ့ key ဖိုင်တွေကို အမြဲတမ်း update တင်ပေးနေတာကို ဘာ့ကြောင့် keygen ကို လိုချင်တာလဲဆိုတာကိုတော့ ကိုမသိပါဘူး. ဒါပေမယ့် ညီလိုချင်တဲ့ keygen ကို ရှာပေးလို့ရပါတယ်. window os ပါ ဒေါင်းသွားတာမျိုး virus ၀င်သွားတာမျိုးဆိုရင်တော့ အစ်ကိုတာဝန် မယူနိုင်ပါဘူး. ဘာ့ကြောင့်လဲဆိုရင် အစ်ကို့ရှေ့မှာ ရက်ပေါင်း 3600 ကျော် crack တစ်ခုကို ဆိုင်တစ်ဆိုင်ကနေ ရောင်းလိုက်ပါတယ်. ကိုစစ်ကြည့်လိုက်တော့ အထဲမှာ trojan နဲ့ပေါင်းပြီး virus အဖြစ် ဖန်တီးထားတာ တွေ့ရပါတယ်. ထည့်ပြီးပြီးချင်းတော့ update လုပ်လို့ရပါသေးတယ်. 100% ပြည့်သွားလို့ window ကို restart တောင်းလိုက်လို့ ပေးလိုက်တဲ့အခါမှာ window တက်မလာတော့ပါဘူး. အဲ့ဒါ ကို့ဆီကိုလာတဲ့ customer တစ်ယောက်ရဲ့အဖြစ်ပါ. ကိုတားပါသေးတယ်. ညီလေး ၃ လကျော် ၄ လလောက်အထိ အစ်ကိုရက်ကို ရှာပေးပြီး ထည့်ပေးပါ့မယ်. ဒီ crack ကိုတော့ မထည့်စေချင်ပါဘူးဆိုတော့. ဆိုင်က အစ်ကိုက ရက်ပေါင်း 3600 ကျော်ရှိတယ်လို့ အသေအချာပြောလိုက်ပါတယ်အစ်ကို ထည့်သာထည့်လိုက်ပါလို့ပြောပါတယ်. တားပေမယ့် မရတဲ့အတွက် အဲ့ဒီ့ crack ကို ထည့်ပေးလိုက်ပါတယ်. ရက်ပေါင်း 3600 ရပြီးတဲ့အချိန်မှာ သူ့စက်ကို ပြန်ယူသွားပြီး နောက်နေ့ ကွန်ပျူတာ ၀င်းဒိုး တက်မလာတဲ့အကြောင့် လာပြောပါတယ်. အစကတည်းက ဖြစ်မယ်ဆိုတာကိုကြိုသိလို့ တားပေမယ့် မရတဲ့အတွက် လုပ်ပေးလိုက်တာပါ. ကျွန်တော့်မှာ အပြစ်ကင်းတယ်လို့ ယူဆပါတယ်. ဒါပေမယ့် သူ့ကို သင်ခန်းစာ ရသွားစေချင်တဲ့ သဘောပါပဲ. ကျွန်တော် window အသစ်ပြန်တင်ပေးပြီး အကုန်ပြန်လုပ်ပေးလိုက်ပါတယ်. တစ်ပြားမှ မယူလိုက်ပါဘူး. အဲ့တော့ ဒီသင်ခန်းစာလေးကို ယူစေချင်ပါတယ်. မယုံရင် keygen ချည်းပဲသတ်သတ် google ကနေ ရှာကြည့်လိုက်ပါ. ဆိုက်တော်တော်များများဟာ kaspersky internet security က blacklist သတ်မှတ်ထားတဲ့ ဆိုက်တွေ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်.
You are subscribed to email updates from ညီနေမင်း (နည်းပညာ)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610