Posted: 08 Feb 2012 10:28 AM PST robin.9909@gmail.comး ကျတော်router Tp link model TL-WR941ND အမျိုးအစား သုံးထားပါတယ်။ ကျတော်ကအပြင်ကို ပြန်ပြီးလွှင့်ပါတယ်။ ကျတော်မသိတဲip တွေ ၀င်လာပါတယ် ကျတော်ကတော့ ပိတ်ထားချင်ပါတယ်။ mac address ကိုrouter ထဲမှာထည်ပြီး ပိတ်ထားလဲ မရပါဘူး။ ဘယ်လိုပိတ်ရင်ရပါလဲ။ ဆောဝဲလေးရှိရင်ကူညီပါအုံး။ router ထဲမှာ ဘယ်လိုပိတ်ရလဲ ဆိုတာကိုလဲ ပြောပေးပါနော်
ညီလေးရဲ့ TL-WR941ND အမျိုးအစားရဲ့ IP, Username, Password ကိုအောက်မှာ ပေးထားပါတယ်. TL-WR941ND Default IP: 192.168.1.1 TL-WR941ND Default Password: admin TL-WR941ND Default Username: admin ဘယ်လိုသုံးရမှာလဲဆိုရင်တော့ ပထမဦးဆုံး IE(internet explorer) ဒါမှမဟုတ် firefox စတဲ့ browser တစ်ခုခု ဖွင့်လိုက်ပါ. ညီလေး firefox browser ရှိလိမ့်မယ်လို့ ယူဆပါတယ်. အဲ့တော့ အဲ့ဒီ့ browser မှာ 192.168.1.1 ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ. Username နဲ့ password တောင်းပါလိမ့်မယ်. အပေါ်မှာပေးထားသလို စာလုံးအသေးနဲ့ပဲ username = admin, password = admin ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ. အဲ့ဒါဆိုရင် ညီလေးရဲ့ rounter setting ထဲကို ရောက်သွားပါပြီ. ညီလေးအနေနဲ့ အဲ့ဒီ့အထဲမှာ ၀င်ပြီးတော့ ပြင်ကြည့်လိုက်ပါ. အဲတကယ်လို့ 192.168.1.1 နဲ့လုံးဝ ၀င်မရတော့ဘူး ဆိုရင်တော့ တစ်ယောက်ယောက်က အပေါ်ကပြောထားသလိုမျိုး ၀င်ပြင်ပြီး ပြောင်းသွားပြီလို့ မှတ်လို့ရပါတယ်. ဒါပေမယ့် စိတ်မပူပါနဲ့. rounter ကို Default reset ချလို့ရပါတယ်. ညီလေးရဲ့ rounter ရဲ့နောက်နားမှာ သွားကြားထိုးတံလောက်ရှိတဲ့ အပေါက်လေး ပါပါလိမ့်မယ်. များသောအားဖြင့်တော့ အပေါက်အောက်မှာ DEF လို့ရေးထားတတ်ပါတယ်. ဒါပေမယ့် rounter အမျိုးအစားနဲ့ ရေးသားတဲ့စာသားချင်း မတူညီနိုင်ပေမယ့် အပေါက်ကတော့ အတူတူပါပဲ. အဲ့ဒီ့ အပေါက်ထဲကို အပေါက်နဲ့ဆံ့တဲ့ တုတ်တံတစ်ချောင်းကို 1 မိနစ်လောက် မလွတ်ဘဲနဲ့ ထိုးထားလိုက်ပါ. တစ်မိနစ် ပြည့်သွားတာနဲ့ ပြန်လွှတ်လိုက်ပါ. အဲ့ဒါဆိုရင် ညီလေးရဲ့ rounter ကို ပြောင်းထားတဲ့ rounter ip, username, password အားလုံးက မူရင်းအတိုင်းဖြစ်သွားပါပြီ . မူရင်းအတိုင်းဆိုတာက အပေါ်မှာ ပြထားတဲ့အတိုင်းပါ. အပေါ်က ပေးထားတဲ့အတိုင်း ပြန်ဝင်ရမှာ ဖြစ်ပါတယ်. TL-WR941ND Default IP: 192.168.1.1 TL-WR941ND Default Username: admin TL-WR941ND Default Password: admin ကဲကျန်တာကတော့ ကိုယ့်ဟာကို ပေးချက်တဲ့ Default IP:, ပေးချင်တဲ့ Default Username နဲ့ ပေးချင်တဲ့ Default Password ကိုသာပေးလိုက်ပါ . ပြီးတာနဲ့ ကိုလွှင့်လိုက်တဲ့ wifi password ကို ကိုပေးချင်တဲ့ password ကိုပေးပြီး save လုပ်လိုက်ပါ. အစ်ကို့မှာ ညီလေးအမျိုးအစား rounter မရှိတဲ့အတွက် အသေးစိတ် မရေးပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး. ဒါပေမယ့် အချိန်ရတယ်. ယုံကြည်တယ်ဆိုရင်တော့ ညီ့ရဲ့ ကွန်ပျူတာထဲကို ခဏ၀င်ပြီးတော့ ကြည့်ပေးပါ့မယ်. ဒါပေမယ့် အစ်ကို့ရဲ့ ဆိုက်မှာ တင်ဖို့အတွက် screen short တော့ ရိုက်ယူမှာ ဖြစ်ပါတယ်. screen short ရိုက်မယ်ဆိုတာက ညီရဲ့ အမှန် password နဲ့ အမှန် username ကို မရိုက်ပါဘူး. photoshop နဲ့ပြောင်းထားပေးမှာပါ. ပထမဦးဆုံး ၀င်ပြီးတော့ စမ်းစေချင်ပါတယ်. အရာရာတိုင်းဟာ စူးစမ်းချင်တဲ့စိတ်ရှိမှ အတတ်မြန်တာပါ. စမ်းသာစမ်းပါ. rounter မပျက်စေရဘူးလို့ အစ်ကို အာမခံပါတယ်. ခင်မင်လျှက် ညီနေမင်း(နည်းပညာ) |
Posted: 08 Feb 2012 09:48 AM PST အကူအညီတောင်းဆိုသူများ သိစေရန် ကျွန်တော့်ဆီကို အကူအညီတောင်းတဲ့သူများ အားလုံးနီးပါးကို အထူးမှာချင်တာလေး တစ်ခုရှိပါတယ်. ဘာလဲဆိုရင် ကိုဖြစ်နေတဲ့ ပြဿနာကို စာနဲ့ပဲ မပို့ပဲနဲ့ ဖြစ်နေတဲ့ပုံလေးကို screen short ရိုက်ပြီးတော့ ပို့ပေးစေချင်ပါတယ်. screen short ရိုက်တာ လွယ်လွယ်လေးပါ. ဘာမှမခက်ပါဘူး. မရိုက်တတ်တဲ့သူများအတွက် တစ်ခါတည်း သင်ပေးလိုက်ပါ့မယ်. photoshop နဲ့မှ screen short ရိုက်လို့ရတာ မဟုတ်ပါဘူး. paint နဲ့လဲ screen short ရိုက်လို့ရပါတယ်. paint ဆိုတဲ့ program ဟာ window စတင်ကတည်းက ပါထားပြီးသား program ဖြစ်လို့ လူတိုင်းသိကြလိမ့်မယ်လို့ ထင်ပါတယ်. photoshop နဲ့ကော paint နဲ့ပါ screen short ရိုက်နည်းကို ပြောပြပေးလိုက်ပါ့မယ် . နောက်တစ်ခါဖြစ်ရင်. ပုံလေးတွေနဲ့ ပို့ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်. Paint ဖြင့် screen short ရိုက်နည်း
Adobe photoshop ဖြင့် screen short ရိုက်နည်း Adobe photoshop ဖြင့် screen short ရိုက်နည်း
.............................................. tarzan.villane09@gmail.comး ကိုညီနေမင်းခင်ဗျာ ကျွန်တော်ကို kaspersky antiviurs 2012 keygen ကို download ဆွဲတာမရလို့ပါခင်ဗျာ အဲဒါကိုညီနေမင်း ကျွန်တော်ကို အကူညီလေးတစ်ခုလောက်ပေး ပါလားခင်ဗျာ.. ကျေးဇူး တင်ပါတယ်.... ညီလေးရေ keygen လို့တော့ တင်ပေးတာ မတွေ့မိသေးပါဘူး. တွေ့ရင်လည်းပဲ trojan နဲ့ပေါင်းထားတဲ့ program တစ်ခုလို့ပဲ အစ်ကို့အနေနဲ့တော့ ယူဆမိပါတယ်. အန္တရယ်အကင်းဆုံးနဲ့ အကောင်းဆုံးဖြစ်တဲ့ key ဖိုင်တွေကို အမြဲတမ်း update တင်ပေးနေတာကို ဘာ့ကြောင့် keygen ကို လိုချင်တာလဲဆိုတာကိုတော့ ကိုမသိပါဘူး. ဒါပေမယ့် ညီလိုချင်တဲ့ keygen ကို ရှာပေးလို့ရပါတယ်. window os ပါ ဒေါင်းသွားတာမျိုး virus ၀င်သွားတာမျိုးဆိုရင်တော့ အစ်ကိုတာဝန် မယူနိုင်ပါဘူး. ဘာ့ကြောင့်လဲဆိုရင် အစ်ကို့ရှေ့မှာ ရက်ပေါင်း 3600 ကျော် crack တစ်ခုကို ဆိုင်တစ်ဆိုင်ကနေ ရောင်းလိုက်ပါတယ်. ကိုစစ်ကြည့်လိုက်တော့ အထဲမှာ trojan နဲ့ပေါင်းပြီး virus အဖြစ် ဖန်တီးထားတာ တွေ့ရပါတယ်. ထည့်ပြီးပြီးချင်းတော့ update လုပ်လို့ရပါသေးတယ်. 100% ပြည့်သွားလို့ window ကို restart တောင်းလိုက်လို့ ပေးလိုက်တဲ့အခါမှာ window တက်မလာတော့ပါဘူး. အဲ့ဒါ ကို့ဆီကိုလာတဲ့ customer တစ်ယောက်ရဲ့အဖြစ်ပါ. ကိုတားပါသေးတယ်. ညီလေး ၃ လကျော် ၄ လလောက်အထိ အစ်ကိုရက်ကို ရှာပေးပြီး ထည့်ပေးပါ့မယ်. ဒီ crack ကိုတော့ မထည့်စေချင်ပါဘူးဆိုတော့. ဆိုင်က အစ်ကိုက ရက်ပေါင်း 3600 ကျော်ရှိတယ်လို့ အသေအချာပြောလိုက်ပါတယ်အစ်ကို ထည့်သာထည့်လိုက်ပါလို့ပြောပါတယ်. တားပေမယ့် မရတဲ့အတွက် အဲ့ဒီ့ crack ကို ထည့်ပေးလိုက်ပါတယ်. ရက်ပေါင်း 3600 ရပြီးတဲ့အချိန်မှာ သူ့စက်ကို ပြန်ယူသွားပြီး နောက်နေ့ ကွန်ပျူတာ ၀င်းဒိုး တက်မလာတဲ့အကြောင့် လာပြောပါတယ်. အစကတည်းက ဖြစ်မယ်ဆိုတာကိုကြိုသိလို့ တားပေမယ့် မရတဲ့အတွက် လုပ်ပေးလိုက်တာပါ. ကျွန်တော့်မှာ အပြစ်ကင်းတယ်လို့ ယူဆပါတယ်. ဒါပေမယ့် သူ့ကို သင်ခန်းစာ ရသွားစေချင်တဲ့ သဘောပါပဲ. ကျွန်တော် window အသစ်ပြန်တင်ပေးပြီး အကုန်ပြန်လုပ်ပေးလိုက်ပါတယ်. တစ်ပြားမှ မယူလိုက်ပါဘူး. အဲ့တော့ ဒီသင်ခန်းစာလေးကို ယူစေချင်ပါတယ်. မယုံရင် keygen ချည်းပဲသတ်သတ် google ကနေ ရှာကြည့်လိုက်ပါ. ဆိုက်တော်တော်များများဟာ kaspersky internet security က blacklist သတ်မှတ်ထားတဲ့ ဆိုက်တွေ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်. |
You are subscribed to email updates from ညီနေမင်း (နည်းပညာ) To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment