Friday, 30 March 2012

အစမ်း

ဖုန်းနဲ့အစမ်းတင်ကြည့်ခြင်း

Saturday, 17 March 2012

Fwd: Check out "အပတ်စဉ်အင်တာနက်ဂျာနယ် Download ရယူနိုင်ရန်" on ဧဒင်ဥယျာဉ်



---------- Forwarded message ----------
From: Editor Group <share@edinooyin.com>
Date: Sat, Mar 10, 2012 at 8:41 AM
Subject: Check out "အပတ်စဉ်အင်တာနက်ဂျာနယ် Download ရယူနိုင်ရန်" on ဧဒင်ဥယျာဉ်
To: "soemoeaung87@gmail.com" <soemoeaung87@gmail.com>


The Most Popular Myanmar Social Network.
Editor Group
ယနေ့ဖတ်စရာ 'အပတ်စဉ်အင်တာနက်ဂျာနယ် Download ရယူနိုင်ရန်'


အပတ်စဉ် အင်တာနက်ဂျာနယ်များကို ဂျာနယ်ထွက်ရှိပြီး နောက်တစ်နေ့မှာ အခမဲ့ Download ရယူနိုင်မယ့် Website လေးပါ။ ဒါ့အပြင်လာမယ့်အပတ်ကစပြီး လစဉ်ထုတ်...

အပြည့်အစုံဖတ်ရန်အောက်ပါ လင့်ကိုကလစ်ပါ :
အပတ်စဉ်အင်တာနက်ဂျာနယ် Download ရယူနိုင်ရန်

ဧဒင်ဥယျာဉ် ၏ ယနေ့အချက်အလက်များ
The Most Popular Myanmar Social Network
ဧဒင်ဥယျာဉ် 62177 members
72554 photos
2016 videos
20567 discussions
11 Events
25319 blog posts
 
ဧဒင်မှစာများထိန်းချုပ်ချင်ပါကဒီမှာကလစ်ပါ

Tuesday, 6 March 2012

IDM 6.09 built 2 (နောက်ဆုံးထွက် version)






Posted: 18 Feb 2012 07:38 AM PST
nevercry009@gmail.comပထမကညီလေး..computer မှာ. သီချင်းဒေါင်းလောဒ့် မရှိလို့ ဆိုင်မှာ လုပ်ခိုင်းတာ..ဆိုင်က လူကပြော တယ်...ဆော့ဝဲထဲ့ပေးထားတယ်တဲ့... သူထဲ့ပေးတဲ့...ဆော့ဝဲက ဘယ်လိုမျိုးလဲ ညီလေးလဲမသိဘူး....ဒါပေမဲ့..ညီလေးသိချင်းဒေါင်းရတာတော်တော်လေး လွယ်ကူ တယ်... ညီလေးက ထင်တာကတော့ အဆင်ပြေ တယ်ပေါ့... ၁လကြာတော့...ဒေါင်းလို့မရတော့ဘူး...free download လဲမရတော့ ဘူးအကို...ဒေါင်းလိုက်ရင်...First name .....Last name...G mail...Serial number. တွေပဲတောင်းနေတယ် အကို...ဘယ်လိုပြန်လုပ်ရမလဲ အကို...ဖြစ်နိုင်ရင်..ညီလေးကိုကူညီပါအုံး...အကို..သီချင်းဒေါင်းလော့လုပ်ချင်တာ...မရတော့ဘူးအကို...ကူညီပါအုံး.. ရရင်...ညီလေးကို..kooo.nevercry@gmail.com ကို .  .မေး(လ်)ပို့ပေးပါ အကို.... အကိုပြန်ပို့မဲ့မေး(လ်)ကို.. ညီလေးစောင့်နေ ပါတယ်... သီချင်းဒေါင်းချင်လို့ပါ...

ညီလေးရေ အစ်ကို by name နဲ့ ပို့တဲ့ဟာက အရမ်းနည်းပါတယ်. မဖြစ်မနေ ပို့သင့်တဲ့ အကြောင်း အရာဆိုရင်တော့ ပို့ပေးပါတယ်. အခုလိုမျိုးကတော့ ပို့စ်တင်ဖြစ်တာများပါတယ်. ဘာလို့လဲဆိုရင်. တစ်ယောက်တည်းကို မေးလ်ပို့ရတဲ့အချိန်ကို ၀ဘ်ဆိုက်မှာ တင်လိုက်တဲ့အချိန်နဲ့ အစားထိုးလိုက်တာပါ. အားလုံးအတွက် အဆင်ပြေသွားအောင်လို့ပါ. အရင်ကလည်းပဲ လုပ်နည်းကို တင်ပေးထားပါတယ်. အခုလည်း video ဖိုင်နဲ့တော့ မတင်ပေးလိုက်တော့ပါဘူး. microphone ပါမလာလို့ပါ.
လုပ်နည်း (၁)
  • "ctrl + alt + delete" ဒါမှမဟုတ် Task Bar ကို right click ထောက်ပြီး start Task manager ကို နှိပ်လိုက်ပါ.
  • ပြီးရင် process ကို ရွေးပြီးနှိပ်လိုက်ပါ. အဲ့အထဲမှာ IDMan.exe ဆိုတဲ့ ဖိုင်နာမည်ကို နှိပ်ပြီး end process ကိုနှိပ်လိုက်ပါ (or) အရင်တင်ထားတာကို uninstall လုပ်လိုက်လည်း ရပါတယ်.
  • ပြီးတာနဲ့ အခုတင်ပေးလိုက်တဲ့ထဲက idman609.exe ဖိုင်ကို double click နှိပ်ပြီး install လုပ်လိုက်ပါ.
  • အားလုံးပြီးသွားရင်တော့ တင်ပေးထားတဲ့ IDM.v6.xx.release.3-patch နာမည်နဲ့ဖိုင်ကို internet download manager ရဲ့ Location ထဲကို သွားပြီး paste လုပ်လိုက်ပါ.
  • ပြီးရင် right click ထောက်ပြီး Run as administrator နဲ့ Run လိုက်ပြီး patch ဆိုတာကို နှိပ်လိုက်ပါ. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.

လုပ်နည်း (၂)
  • ဒီပို့စ် ထဲက internet download manager ကို download လုပ်လိုက်ပါ။
  • "ctrl + alt + delete" ဒါမှမဟုတ် Task Bar ကို right click ထောက်ပြီး start Task manager ကို နှိပ်လိုက်ပါ.
  • ပြီးရင် process ကို ရွေးပြီးနှိပ်လိုက်ပါ. အဲ့အထဲမှာ IDMan.exe ဆိုတဲ့ ဖိုင်နာမည်ကို နှိပ်ပြီး end process ကိုနှိပ်လိုက်ပါ . ပြီးတာနဲ့ Download လုပ်ထားတဲ့ ဖိုင်ကို ဖြည်လိုက်ပြီးအထဲက unregister.reg ဆိုတဲ့ registry ဖိုင်လေးကို Double click နှိပ်ပြီး run ပေးလိုက်ပါ. အဲ့ပို့စ်ထဲက video ထဲကအတိုင်းပဲ လုပ်လိုက်ပါ. patch တော့ မလုပ်ပါနဲ့တော့ ပြီးတာနဲ့ အဲ့ထဲက ညီလေးပြောတဲ့ first name တို့ဘာတို့ကို တစ်ခါတည်း ဖြည့်ပေးထားတဲ့ registry key ဖိုင်ကို မိမိတင်ထားတဲ့ window က 32bit လား 64bit လားဆိုတာကို ကြည့်ပြီးတော့ 32bit ဆိုရင် 32bit အတွက်လုပ်ထားတဲ့ registry ဖိုင်ကို run ရမှာဖြစ်ပြီးတော့ 64 bit ဆိုရင်တော့ 64bit နဲ့လုပ်ထားတဲ့ registry ဖိုင်ကို run ရမှာဖြစ်ပါတယ်. (သတိ-ပထမဦးဆုံး unregister.reg ဖိုင်ကိုအရင် run ပါ) အဲ့ဒါဆိုရင်တော့ ညီရဲ့ ပေါ်နေတဲ့ box လေး မပေါ်လာတော့ဘဲနဲ့ register ဖြစ်သွားပါလိမ့်မယ်. အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.

Download  IDM 6.09 built 2
Ifile | Mediafire | Mirrorcreator
Posted: 18 Feb 2012 07:47 AM PST
ခဏခဏ မေးပို့ပြီးတော့ မေးလာကြတာ အရမ်းအားနာလို့ တင်ပေး လိုက်ပါတယ်. ဟက်နည်းကိုတော့ ဒီမှာ ဖတ်လိုက်ပါ tutorial လုပ်ပြထားပါတယ်. လုပ်လို့ရတယ် မရဘူးဆိုတာကတော့ လုပ်တဲ့သူရဲ့ ကျွမ်းကျင်မှု့ပေါ်မှာ မူတည်နေလိမ့်မယ်လို့ ပြောလိုက်ပါရစေ. tutorial နဲ့ သေချာမရှင်းပြတာဟာ မရှင်းပြချင်လို့မဟုတ်ဘဲ. မြန်မာပြည်က wifi လွှင့်ပေးပြီး ရောင်းနေတဲ့သူများနှင့် တစ်ခြား wifi လွှင့်ပြီး သုံးနေရတဲ့ သူများအတွက်ကြောင့်မို့ tutorial movie ဖိုင်နဲ့ မရှင်းပြလိုက်တာ ဖြစ်ပါတယ်. အဲ့အတွက် နားလည်ပေးနိုင်လိမ့် မယ်လို့လည်းမျှော်လင့်မိပါတယ်. ပို့စ်တစ်ခု တင်ဖို့ လုပ်တိုင်း အမြဲနှစ်ဦးနှစ်ဖက်အတွက် စဉ်းစားပြီးမှ တင်ပေးရတာဖြစ်လို့ တစ်ချို့ မှားတာများရှိရင်လည်း နားလည်ပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်. ကဲတောင်းဆိုထားတဲ့သူများ software ကို အောက်မှာ download လုပ်လိုက်ပါ. ဖိုင်နာမည်လေး နဲ့ version လေးနဲ့ တင်လိုက်တာလေးများ ဘယ်ဖိုင်ကိုမှ မဖျက်ခိုင်းပါဘူး ဆိုတဲ့ညီငယ်များအတွက် ဖျက်ခိုင်းတယ်၊ တကယ်ဖျက်ခိုင်းလို့လဲ mediaifre ကနေ ဖျက်လိုက်ပြီဆိုတာကို သိစေချင်ပါတယ်. ဖိုင်တွေကို ဘာလို့ ၀ှက်ထားရသလဲ ဆိုတာကို နားလည်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်.


Download mediafireifile.it | mirrorcreator

Posted: 18 Feb 2012 07:48 AM PST
ထင်ထားသလိုပဲ ဖြစ်လာပါပြီ. microsoft company ကနေ mediafire ဆိုက်ကို မေးလ်ပို့ပြီးတော့ အထဲက window7 နဲ့သက်ဆိုင်တဲ့ ဖိုင် 2 ဖိုင်နဲ့ တစ်ခြားဖိုင် စုစုပေါင်း 42 ဖိုင်ကို ဖျက်ခိုင်းလိုက်ပါတယ်. အားလုံးဟာ အရင်တုန်းကပြောခဲ့သလိုပါပဲ. search engine ကနေ ရှာလို့ ရလာတဲ့ ဖိုင်တွေချည်းပါပဲ. အဆိုးဆုံးကတော့ software နာမည်နဲ့ version ကို ထည့်ပြီးတော့ တင်ပေးလိုက်တာ ဆိုးသွားပါတယ်. အဲ့အတွက်ကြောင့်မို့ တစ်ကယ်လို့များ အရင်တုန်းက တင်ထားတဲ့ဖိုင်တွေထဲက ပျက်ခဲ့တာများရှိရင် မေးလ်ပို့ပေးပါ. ဒါမှမဟုတ်ရင် version အသစ်တင်ပေးပါ့မယ်. အခုလက်ရှိ ifile.it ကလည်း ဖိုင်တင်ဖို့အတွက် ပိတ်ထားပါတယ်. mediafire ကတော့ မပိတ်ပါဘူး. ဒါပေမယ့် ဖိုင်တွေကို copyright နဲ့ ငြိနေတဲ့အတွက် ဖျက်လိုက်တာပါဆိုတဲ့ reason နဲ့ microsoft က နေ တောင်းဆိုတဲ့ စာတွေကို ဖော်ပြထားပါတယ်. ဒါပေမယ့် တကယ်လို့ အဲ့ဒီ့တင်ပေးတဲ့ software ဟာ ကျွန်တော်ပိုင်တယ်ဆိုရင် complain တက်ဖို့အတွက် pin number 4 လုံးပေးထားပါတယ်. အခုကျွန်တော်ပိုင်တာမဟုတ်တဲ့အတွက် complain တက်လို့မရပါဘူး. အဲ့အတွက်ကြောင့်မို့ နောက်ဆိုရင်တော့ အရင်ကပြောထားသလိုပဲ. 000000 သုံည 6 လုံးကနေ စပြီးတော့ counter ရေတွက်ပြီးတင်ပေးပါ့မယ်. အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. တစ်ခုမဟုတ်တခုနဲ့တော့ အတတ်နိုင်ဆုံး မြန်မာပြည်သူ/ပြည်သားတွေအတွက် တင်ပေးမှာပါ စိတ်မပူပါနဲ့. နောက်ဆုံးအဆင့် ifile နဲ့ mediafire ကို တရားဝင်ပိတ်လိုက်ရင်တောင်မှ ကျွန်တော် ကြိုပြီးစဉ်းစားထားတာ ရှိပါတယ်. အဲ့အတွက် စိတ်မပူပါနဲ့. အခုပို့စ်ဟာ တစ်ချို့ link တွေ အလုပ်မလုပ်တော့တဲ့အတွက်ကြောင့်မို့ comment တွေ တက်လာကြတာ တွေ့ပါတယ်. အဲ့အတွက်ကြောင့်မို့ ပြောပြတာပါ. ဖျက်ပစ်ရတဲ့ အကြောင်းရင်းနဲ့ တောင်းဆိုထားတဲ့ စာတွေကတော့ ရှည်ပြီးတော့ များလို့ screenshort ရိုက်ပြီး မပြတော့ပါဘူး.


ညီနေမင်း(နည်းပညာ)


You are subscribed to email updates from ညီနေမင်း (နည်းပညာ)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Rounter setting ထဲ မ၀င်တတ်လို့ပါ.







Posted: 08 Feb 2012 10:28 AM PST
robin.9909@gmail.comကျတော်router Tp link model TL-WR941ND အမျိုးအစား သုံးထားပါတယ်။ ကျတော်ကအပြင်ကို ပြန်ပြီးလွှင့်ပါတယ်။ ကျတော်မသိတဲip တွေ ၀င်လာပါတယ် ကျတော်ကတော့ ပိတ်ထားချင်ပါတယ်။ mac address ကိုrouter ထဲမှာထည်ပြီး ပိတ်ထားလဲ မရပါဘူး။ ဘယ်လိုပိတ်ရင်ရပါလဲ။ ဆောဝဲလေးရှိရင်ကူညီပါအုံး။ router ထဲမှာ ဘယ်လိုပိတ်ရလဲ ဆိုတာကိုလဲ ပြောပေးပါနော်

ကျွန်တော် wifi ဖောက်နည်းနဲ့ ပတ်သက်ပြီး ပို့စ်မတင်တာ အဲ့ဒါတွေ ပါပါတယ်. ခုအချိန်အထိလည်းပဲ သူများ လွှင့်ထားတဲ့ wifi password ခံထားရင် ဘယ်တုန်းကမှ မဖောက်ခဲ့ဖူးပါဘူး. wifi ကိုဖောက်ဖို့ စမ်းတုန်းကတောင်မှ ကို့သူဌေး လွှင့်ထားတဲ့ wifi ကိုပဲ laptop အသစ်နဲ့ ဖောက်ခဲ့ဖူးတာပါ. ဒါဟာလည်း ကျွန်တော်တို့ကို ပေးထားပြီးသား password ပါပဲ. ရမရ အောင်မြင်/မအောင်မြင် သိချင်ယုံစမ်းတာပါ. ကျွန်တော်အင်တာနက်ကို ခုအချိန်အထိ ပိုက်ဆံပေးပြီး ဆိုင်မှာ သုံးချင်ရင် သုံးမယ် မဟုတ်ရင်တော့ ကိုယ်ပိုင်ဖုန်းလိုင်းနဲ့ သုံးပါတယ်. ဘာဖြစ်လို့လဲဆိုရင် သူတို့တွေက ပိုက်ဆံပေးပြီး လိုင်းဝယ်ထားတယ် ကိုက လက်အငြိမ်မနေပဲ download ဆွဲမယ့်သူလေ. အဲ့တော့ သူတို့ဖက်မှာ လိုင်းတွေ ကျသွားတာပေါ့. အဲ့ဒီ့အတွက်ကြောင့် သူများလွှင့်တဲ့လိုင်းကို မသုံးဖြစ်တာပါ. တစ်ချို့တွေက နားမလည်ဘဲနဲ့ သူငယ်ချင်းတွေ သုံးစေချင်လို့ wifi ကို ဖွင့်ပေးထားပါတယ်. setting ထဲကိုဘယ်လို ၀င်ရမယ် ဘယ်လိုပြင်ရမယ်ဆိုတာကို နားမလည်ကြပါဘူး. အဲ့လို နားမလည်တဲ့သူတွေကို နားလည်တဲ့သူတစ်ချို့က သူ့ရဲ့လိုင်းထဲကိုဝင် ပြီးတော့ သူ့ရဲ့ Default IP ကို ပြောင်းတယ်. Default username နဲ့ Default password ကိုပါ ပြောင်းလိုက်ပါတယ်. ဟိုက နားမလည်တော့ ဘာမှ မလုပ်တတ်တော့ဘူးပေါ့. အဲ့ဒီ့အတွက် ပို့စ်သီးသန့်ရေးပေးပါ့မယ်. ယခုလက်ရှိ ကျွန်တော် သုံးနေတာက Hongdian အမျိုးအစား 3G rounter ကို သုံးနေပါတယ်. ညီလေးရေ အောက်က နည်းအတိုင်း စမ်းကြည့်လိုက်ပါ.

ညီလေးရဲ့ TL-WR941ND အမျိုးအစားရဲ့ IP, Username, Password ကိုအောက်မှာ ပေးထားပါတယ်.

TL-WR941ND Default IP:
192.168.1.1

TL-WR941ND Default Password:
admin

TL-WR941ND Default Username:
admin 

ဘယ်လိုသုံးရမှာလဲဆိုရင်တော့ ပထမဦးဆုံး IE(internet explorer) ဒါမှမဟုတ် firefox စတဲ့ browser တစ်ခုခု ဖွင့်လိုက်ပါ. ညီလေး firefox browser ရှိလိမ့်မယ်လို့ ယူဆပါတယ်. အဲ့တော့ အဲ့ဒီ့ browser မှာ 192.168.1.1 ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ. Username နဲ့ password တောင်းပါလိမ့်မယ်. အပေါ်မှာပေးထားသလို စာလုံးအသေးနဲ့ပဲ username = admin, password = admin ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ. အဲ့ဒါဆိုရင် ညီလေးရဲ့ rounter setting ထဲကို ရောက်သွားပါပြီ. ညီလေးအနေနဲ့ အဲ့ဒီ့အထဲမှာ ၀င်ပြီးတော့ ပြင်ကြည့်လိုက်ပါ. အဲတကယ်လို့ 192.168.1.1 နဲ့လုံးဝ ၀င်မရတော့ဘူး ဆိုရင်တော့ တစ်ယောက်ယောက်က အပေါ်ကပြောထားသလိုမျိုး ၀င်ပြင်ပြီး ပြောင်းသွားပြီလို့ မှတ်လို့ရပါတယ်. ဒါပေမယ့် စိတ်မပူပါနဲ့. rounter ကို Default reset ချလို့ရပါတယ်. ညီလေးရဲ့ rounter ရဲ့နောက်နားမှာ သွားကြားထိုးတံလောက်ရှိတဲ့ အပေါက်လေး ပါပါလိမ့်မယ်. များသောအားဖြင့်တော့ အပေါက်အောက်မှာ DEF လို့ရေးထားတတ်ပါတယ်. ဒါပေမယ့် rounter အမျိုးအစားနဲ့ ရေးသားတဲ့စာသားချင်း မတူညီနိုင်ပေမယ့် အပေါက်ကတော့ အတူတူပါပဲ. အဲ့ဒီ့ အပေါက်ထဲကို အပေါက်နဲ့ဆံ့တဲ့ တုတ်တံတစ်ချောင်းကို 1 မိနစ်လောက် မလွတ်ဘဲနဲ့ ထိုးထားလိုက်ပါ. တစ်မိနစ် ပြည့်သွားတာနဲ့ ပြန်လွှတ်လိုက်ပါ. အဲ့ဒါဆိုရင် ညီလေးရဲ့ rounter ကို ပြောင်းထားတဲ့ rounter ip, username, password အားလုံးက မူရင်းအတိုင်းဖြစ်သွားပါပြီ . မူရင်းအတိုင်းဆိုတာက အပေါ်မှာ ပြထားတဲ့အတိုင်းပါ. အပေါ်က ပေးထားတဲ့အတိုင်း ပြန်ဝင်ရမှာ ဖြစ်ပါတယ်.

TL-WR941ND Default IP:
192.168.1.1

TL-WR941ND Default Username:
admin 


TL-WR941ND Default Password:
admin

ကဲကျန်တာကတော့ ကိုယ့်ဟာကို ပေးချက်တဲ့ Default IP:, ပေးချင်တဲ့ Default Username နဲ့ ပေးချင်တဲ့ Default Password ကိုသာပေးလိုက်ပါ . ပြီးတာနဲ့ ကိုလွှင့်လိုက်တဲ့ wifi password ကို ကိုပေးချင်တဲ့ password ကိုပေးပြီး save လုပ်လိုက်ပါ. အစ်ကို့မှာ ညီလေးအမျိုးအစား rounter မရှိတဲ့အတွက် အသေးစိတ် မရေးပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး. ဒါပေမယ့် အချိန်ရတယ်. ယုံကြည်တယ်ဆိုရင်တော့ ညီ့ရဲ့ ကွန်ပျူတာထဲကို ခဏ၀င်ပြီးတော့ ကြည့်ပေးပါ့မယ်. ဒါပေမယ့် အစ်ကို့ရဲ့ ဆိုက်မှာ တင်ဖို့အတွက် screen short တော့ ရိုက်ယူမှာ ဖြစ်ပါတယ်. screen short ရိုက်မယ်ဆိုတာက ညီရဲ့ အမှန် password နဲ့ အမှန် username ကို မရိုက်ပါဘူး. photoshop နဲ့ပြောင်းထားပေးမှာပါ. ပထမဦးဆုံး ၀င်ပြီးတော့ စမ်းစေချင်ပါတယ်. အရာရာတိုင်းဟာ စူးစမ်းချင်တဲ့စိတ်ရှိမှ အတတ်မြန်တာပါ. စမ်းသာစမ်းပါ. rounter မပျက်စေရဘူးလို့ အစ်ကို အာမခံပါတယ်. 

ခင်မင်လျှက်
ညီနေမင်း(နည်းပညာ)
Posted: 08 Feb 2012 09:48 AM PST
အကူအညီတောင်းဆိုသူများ သိစေရန်
ကျွန်တော့်ဆီကို အကူအညီတောင်းတဲ့သူများ အားလုံးနီးပါးကို အထူးမှာချင်တာလေး တစ်ခုရှိပါတယ်. ဘာလဲဆိုရင် ကိုဖြစ်နေတဲ့ ပြဿနာကို စာနဲ့ပဲ မပို့ပဲနဲ့ ဖြစ်နေတဲ့ပုံလေးကို screen short ရိုက်ပြီးတော့ ပို့ပေးစေချင်ပါတယ်. screen short ရိုက်တာ လွယ်လွယ်လေးပါ. ဘာမှမခက်ပါဘူး. မရိုက်တတ်တဲ့သူများအတွက် တစ်ခါတည်း သင်ပေးလိုက်ပါ့မယ်. photoshop နဲ့မှ screen short ရိုက်လို့ရတာ မဟုတ်ပါဘူး. paint နဲ့လဲ screen short ရိုက်လို့ရပါတယ်. paint ဆိုတဲ့ program ဟာ window စတင်ကတည်းက ပါထားပြီးသား program ဖြစ်လို့ လူတိုင်းသိကြလိမ့်မယ်လို့ ထင်ပါတယ်. photoshop နဲ့ကော paint နဲ့ပါ screen short ရိုက်နည်းကို ပြောပြပေးလိုက်ပါ့မယ် . နောက်တစ်ခါဖြစ်ရင်. ပုံလေးတွေနဲ့ ပို့ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်. 

Paint ဖြင့် screen short ရိုက်နည်း
ပထမဦးဆုံး paint program ကို ဖွင့်လိုက်ပါ.
window 7 မှာဆိုရင် start icon လေးရဲ့အထက်မှာ search program and file ဆိုတာရှိပါတယ်. အဲ့အကွက်ထဲမှာ paint ဆိုတဲ့ စာကို ရိုက်ထည့်လိုက်တာနဲ့ paint program ပေါ်လာပါလိမ့်မယ်. paint ကိုဖွင့်ထားပါ.
  •  ဖြစ်နေတဲ့ error box ကို မြင်ရပြီဆိုတာနဲ့ Desktop သမားများက keyboard မှာ Print Screen SysRq ဆိုတဲ့ စာသားလေးရှိပါတယ်. Scroll Lock ရှိတဲ့အကွက်မှာပဲ ရှိတတ်ပါတယ်. အဓိက ကတော့ screen ဆိုတဲ့ စာသားပါပါလိမ့်မယ်. Keyboard တစ်မျိုးနဲ့ တစ်မျိုး ရေးထားတာချင်း မတူညီလို့ပါ. အဲ့စာသားကို တစ်ချက်နှိပ်လိုက်ပါ. တစ်ချက်နဲ့ အားမရရင် နှစ်ချက်နှိပ်ပါ.
  • ပြီးတာနဲ့ paint program ကို ပြန်သွားပါ။
  • ctrl + v (or) လွတ်နေတဲ့ အဖြူရောင်အကွက်မှာ right click ထောက်ပြီးတော့ paste လုပ်လိုက်ပါ. ပြီးတာနဲ့ save (or) ctrl + s ကိုနှိပ်လိုက်ပါ။ အဲ့ဒီ့မှာ Save as type အကွက်မှာ (.png, .gif, .jpg) အဲ့သုံးမျိုးထဲက တစ်မျိုးမျိုးကိုရွေးပြီးတော့ သင့်တော်တဲ့နေရာမှာ save လုပ်လိုက်ပါ. 
  • ဒါဟာ paint နဲ့ screen short ရိုက်နည်းပါ. ပို့ပေးရမှာလည်းပဲ အဲ့ဒီ့ပုံပါပဲ.
------
Adobe photoshop ဖြင့် screen short ရိုက်နည်း

Adobe photoshop ဖြင့် screen short ရိုက်နည်း
ပထမဦးဆုံး Adobe photoshop program ကို ဖွင့်လိုက်ပါ.
window 7 မှာဆိုရင် start icon လေးကို နှိပ်လိုက်တာနဲ့ photoshop ဆိုတဲ့ program ကို စတွေ့ပါလိမ့်မယ်.  Adobe photoshop program ကိုဖွင့်ထားပါ.
  •  ဖြစ်နေတဲ့ error box ကို မြင်ရပြီဆိုတာနဲ့ Desktop သမားများက keyboard မှာ Print Screen SysRq ဆိုတဲ့ စာသားလေးရှိပါတယ်. Scroll Lock ရှိတဲ့အကွက်မှာပဲ ရှိတတ်ပါတယ်. အဓိက ကတော့ screen ဆိုတဲ့ စာသားပါပါလိမ့်မယ်. Keyboard တစ်မျိုးနဲ့ တစ်မျိုး ရေးထားတာချင်း မတူညီလို့ပါ. အဲ့စာသားကို တစ်ချက်နှိပ်လိုက်ပါ. တစ်ချက်နဲ့ အားမရရင် နှစ်ချက်နှိပ်ပါ.
  • ပြီးတာနဲ့ Adobe photoshop program ကို ပြန်သွားပါ။
  • ctrl + n (or) File >> new ကို နှိပ်လိုက်ပြီး page setup ပေါ်လာရင် enter ခေါက်လိုက်ပါ ပြီးရင်  ctrl + v (or) လွတ်နေတဲ့ အဖြူရောင်အကွက်မှာ right click ထောက်ပြီးတော့ paste လုပ်လိုက်ပါ. ပြီးတာနဲ့ save (or) ctrl + s ကိုနှိပ်လိုက်ပါ။ အဲ့ဒီ့မှာ Save as type အကွက်မှာ (.png, .gif, .jpg) အဲ့သုံးမျိုးထဲက တစ်မျိုးမျိုးကိုရွေးပြီးတော့ သင့်တော်တဲ့နေရာမှာ save လုပ်လိုက်ပါ. 
  • ဒါဟာ Adobe photoshop နဲ့ screen short ရိုက်နည်းပါ. ပို့ပေးရမှာလည်းပဲ အဲ့ဒီ့ပုံပါပဲ.
Laptop သမားများအတွက်ကတော့ အတိုကောက်အနေနဲ့ PRT SC SYSRQ ဆိုပြီးတော့ ပါလာတတ်ပါတယ်. အဲ့လိုပါလာတဲ့ ကီးကို နှိပ်ရမှာပါ. နှိပ်တဲ့အခါမှာ function key လို့ခေါ်တဲ့ FN ဆိုတဲ့ ကီးကို အရင်နှိပ်ထားပြီးမှ PRT SC SYSRQ ဆိုတဲ့ ကီးကိုနှိပ်ရမှာ ဖြစ်ပါတယ်. FN + PRTSC  SYSRQ ပါပဲ. ဘာမှမထူးပါဘူး. လုပ်နည်းက အတူတူပါပဲ. အဲ့တော့ နောက်ပြဿနာလေးများဖြစ်မယ်ဆိုရင် screen short လေးရိုက်ပြီးပို့ပေးကြပါ. တစ်ချို့က ကွန်ပျူတာထဲကို ၀င်ပြီး ကူညီပေးမယ်ဆိုတာနဲ့ ဆက်ပြီးတော့ စကားမပြောတော့တဲ့ သူတွေရှိပါတယ်. တော်တော်တော့ ရယ်ရတယ်ဗျ. အလုပ်မအားတဲ့ကြားကနေ ကူညီပေးမယ်ဆိုတာတောင်. ကွန်ပျူတာထဲ ၀င်မယ်ဆိုတာနဲ့တင် ဘာကိုကြောက်တယ် မဆိုနိုင်ပါဘူး. ရပါပြီအစ်ကို ကျွန်တော့်ဟာကျွန်တော် လုပ်လိုက်ပါဦးမယ်ဆိုပြီး စကားမဆက်တော့ပါဘူး. ကဲ ကျွန်တော် ဆိုလိုချင်တာကတော့ ပုံလေးတွေနဲ့ ပို့ရင် နောက်လူတွေလဲ သိအောင် ကျွန်တော်လဲ ဘာ error လဲဆိုတာသိအောင်လို့ သက်သေသာဓကနဲ့ ဖြစ်သွားအောင်လို့ ပို့ခိုင်းလိုက်တာပါ.
..............................................

tarzan.villane09@gmail.comကိုညီနေမင်းခင်ဗျာ ကျွန်တော်ကို kaspersky antiviurs 2012 keygen ကို download ဆွဲတာမရလို့ပါခင်ဗျာ အဲဒါကိုညီနေမင်း ကျွန်တော်ကို အကူညီလေးတစ်ခုလောက်ပေး ပါလားခင်ဗျာ.. ကျေးဇူး တင်ပါတယ်....

ညီလေးရေ keygen လို့တော့ တင်ပေးတာ မတွေ့မိသေးပါဘူး. တွေ့ရင်လည်းပဲ trojan နဲ့ပေါင်းထားတဲ့ program တစ်ခုလို့ပဲ အစ်ကို့အနေနဲ့တော့ ယူဆမိပါတယ်. အန္တရယ်အကင်းဆုံးနဲ့ အကောင်းဆုံးဖြစ်တဲ့ key ဖိုင်တွေကို အမြဲတမ်း update တင်ပေးနေတာကို ဘာ့ကြောင့် keygen ကို လိုချင်တာလဲဆိုတာကိုတော့ ကိုမသိပါဘူး. ဒါပေမယ့် ညီလိုချင်တဲ့ keygen ကို ရှာပေးလို့ရပါတယ်. window os ပါ ဒေါင်းသွားတာမျိုး virus ၀င်သွားတာမျိုးဆိုရင်တော့ အစ်ကိုတာဝန် မယူနိုင်ပါဘူး. ဘာ့ကြောင့်လဲဆိုရင် အစ်ကို့ရှေ့မှာ ရက်ပေါင်း 3600 ကျော် crack တစ်ခုကို ဆိုင်တစ်ဆိုင်ကနေ ရောင်းလိုက်ပါတယ်. ကိုစစ်ကြည့်လိုက်တော့ အထဲမှာ trojan နဲ့ပေါင်းပြီး virus အဖြစ် ဖန်တီးထားတာ တွေ့ရပါတယ်. ထည့်ပြီးပြီးချင်းတော့ update လုပ်လို့ရပါသေးတယ်. 100% ပြည့်သွားလို့ window ကို restart တောင်းလိုက်လို့ ပေးလိုက်တဲ့အခါမှာ window တက်မလာတော့ပါဘူး. အဲ့ဒါ ကို့ဆီကိုလာတဲ့ customer တစ်ယောက်ရဲ့အဖြစ်ပါ. ကိုတားပါသေးတယ်. ညီလေး ၃ လကျော် ၄ လလောက်အထိ အစ်ကိုရက်ကို ရှာပေးပြီး ထည့်ပေးပါ့မယ်. ဒီ crack ကိုတော့ မထည့်စေချင်ပါဘူးဆိုတော့. ဆိုင်က အစ်ကိုက ရက်ပေါင်း 3600 ကျော်ရှိတယ်လို့ အသေအချာပြောလိုက်ပါတယ်အစ်ကို ထည့်သာထည့်လိုက်ပါလို့ပြောပါတယ်. တားပေမယ့် မရတဲ့အတွက် အဲ့ဒီ့ crack ကို ထည့်ပေးလိုက်ပါတယ်. ရက်ပေါင်း 3600 ရပြီးတဲ့အချိန်မှာ သူ့စက်ကို ပြန်ယူသွားပြီး နောက်နေ့ ကွန်ပျူတာ ၀င်းဒိုး တက်မလာတဲ့အကြောင့် လာပြောပါတယ်. အစကတည်းက ဖြစ်မယ်ဆိုတာကိုကြိုသိလို့ တားပေမယ့် မရတဲ့အတွက် လုပ်ပေးလိုက်တာပါ. ကျွန်တော့်မှာ အပြစ်ကင်းတယ်လို့ ယူဆပါတယ်. ဒါပေမယ့် သူ့ကို သင်ခန်းစာ ရသွားစေချင်တဲ့ သဘောပါပဲ. ကျွန်တော် window အသစ်ပြန်တင်ပေးပြီး အကုန်ပြန်လုပ်ပေးလိုက်ပါတယ်. တစ်ပြားမှ မယူလိုက်ပါဘူး. အဲ့တော့ ဒီသင်ခန်းစာလေးကို ယူစေချင်ပါတယ်. မယုံရင် keygen ချည်းပဲသတ်သတ် google ကနေ ရှာကြည့်လိုက်ပါ. ဆိုက်တော်တော်များများဟာ kaspersky internet security က blacklist သတ်မှတ်ထားတဲ့ ဆိုက်တွေ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်.
You are subscribed to email updates from ညီနေမင်း (နည်းပညာ)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Friday, 10 February 2012

သူရဿဝါနှင့် Chatting

“သူရဿဝါနှင့် Chatting”
ဒီတစ်ပတ် ရေးဖို့ စိတ်ကူးမိ တာကတော့ Chatting ပါ။ ဒီဝေါဟာရ ကိုတော့ အထွေအထူး ရှင်းပြစရာ လိုမယ် မထင် ပါဘူး။ အမြန်ယာဉ်လိုင်း တွေလို မြန်ဆန်ရမ်းကား .. အဲ .. အဲ .. မြန်ဆန်ထွန်းကား လှတဲ့ နည်းပညာ ခေတ်ကြီးကို အလွန်အကျူး နည်းမှန်လမ်းမှန် လေ့လာ လိုက်စား နိုင်ကြတဲ့ သူရဿဝါတို့ မြန်မာ နိုင်ငံသား အတော်များများ ကတော့ အင်တာနက် ဆိုရင် ချက်တင်ထိုင်တယ် ဆိုတာနဲ့ တွဲပြီး သိကြပါတယ်။ ချက်တင်က ဒီလောက်အထိ ကျွန်တော်တို့ တတွေကို လွှမ်းမိုးထား နိုင်တယ်ခင်ဗျ။ အင်တာနက် စသုံးခါစ User အားလုံးနီးပါး ချက်တင် မထိုင်ဖူးသူ မရှိဘူးလို့ ထင်ပါတယ်။ သူရဿဝါ ကိုယ်တိုင်လည်း အင်တာနက် စသုံးတတ် ခါစမှာ ချက်တင်ထိုင်ခြင်းနဲ့ မကင်းခဲ့ပါဘူး။

ကျွန်တော့် အစ်ကိုဝမ်းကွဲက ကျွန်တော့်ကို အင်တာနက် သုံးတာ စသင်ပေးမယ် ဆိုတုန်းက တခြား ဘာမှ မလုပ်ခိုင်း ပါဘူး။ အင်တာနက်ကို စွဲသွားအောင် Chat Room ထဲမှာ အကောင့်တစ်ခု ဖွင့်ပေး၊ နောက် G-mail အကောင့် တစ်ခု ဖွင့်ပေးပြီး တစ်နေကုန် ချက်တင်ထိုင်ခိုင်း တော့တာပဲ။ သူပြောပုံက ရှင်းရှင်းလေး၊ Chat Room ထဲမှာ တွေ့တဲ့ လူတွေထဲက ကိုယ်ပြောချင်တဲ့ သူနဲ့ စကားပြော၊ မိတ်ဆက်၊ ပြီးလို့ အဆင်ပြေရင် G-mail လိပ်စာချင်း ဖလှယ်၊ ပြီးရင် G-talk ထဲမှာပြော .. အဲဒီလို အဆင့်ဆင့်ပေါ့။ ကျွန်တော်လည်း သူသင်ပေးသလို လုပ်တာပေါ့။ Chat Room ထဲကနေ လူတစ်ယောက်နဲ့ ခင်ပြီးလို့ ကိုယ့်ရဲ့ G-talk ထဲ အကောင့်တစ်ခု တိုးလာရင် သိပ်ပျော်တာ။ အစ်ကို့ အင်တာနက် ဆိုင်ရဲ့ Server မှာ ဆန့်ဆန့်ကြီး ထိုင်လို့၊ မျက်မှောင်ကြီး ကုပ်လို့၊ ကီးဘုတ်နဲ့ လက်နဲ့ တဂျောက်ဂျောက် နှိပ်နေတဲ့ သူရဿဝါကို ဆိုင်ထဲ ဝင်လာသူများ သိပ်အထင်ကြီး ကြပါတယ်။ မျက်မှောင်ကြီးတောင် ကုပ်ပြီး လုပ်နေရတယ် ဆိုတော့ ဘယ်လောက် ခက်ခဲ နက်နဲတဲ့ အလုပ်တွေ များလဲလို့ ပေါ့လေ။ တကယ်က .. ဘာမှ မဟုတ်ဘူး။ ရုပ်ကသာ အလုပ်ကြီး အကိုင်ကြီး မျက်နှာပေး … အမှန်က Chat Room တကာ ပြဲပြဲစင်အောင် ပတ်ချာလည် လှည့်နေတာ။

ချက်တင်ကို စွဲတာမှ ပြောမနေနဲ့ … မနက် မိုးလင်း ဆိုင်ဖွင့်ပြီ ဆိုကတည်းက တခြားသူ သုံးမသုံးတော့ မသိဘူး။ ကျွန်တော်က တစ်နေကုန်ပဲ၊ ဘေးခုံမှာ စားစရာ သောက်စရာ ရိက္ခာ အပြည့်အစုံ ယူပြီးတော့ကို တစ်နေကုန် တစ်နေခန်း ထိုင်တာခင်ဗျ။ သင်ပေးတဲ့ အစ်ကိုဝမ်းကွဲလည်း တခြား ဘာမှ သင်ပေးလို့ မရတော့ဘူး။ ပေကပ်ပြီးတော့ကို နေတာ … ဖနောင့်နဲ့ ပေါက်လည်း အေးဆေးပဲ။ သူလည်း သူ့ဟာသူ ပေါက်ချင်တာပေါက်၊ ဒီမှာက ချက်နေတာ အပြုံးကို မပျက်ဘူး။ ချက်တင်ထိုင်နေရင်း ငုတ်တုပ်ကြီး သေသွားရင်တောင် အဲဒါကို စွဲတဲ့စိတ်နဲ့ Chat Room စောင့်တဲ့ သရဲ ဖြစ်နေမှာ စိုးရိမ်ရတယ်။ ဒီလောက်အထိ ချက်တင်ကို စွဲခဲ့ပါတယ်။

ချက်တင် အထိုင်ကောင်းလို့ ဒုက္ခရောက်ဖူး သလို .. သူများကိုလည်း ဒုက္ခ ပေးဖူးပါတယ်။ တစ်ခါတော့ ကျွန်တော် အွန်လိုင်းမှာ မိန်းကလေး တစ်ယောက်နဲ့ ချက်တင်ထိုင် မိပါတယ်။ သူ့ Nick Name က White Virgin ပါတဲ့။ အဖြူရောင် အပျိုစင်ကလေး ပေါ့ဗျာ။ နာမည်လေးလဲလှ၊ အပြောအဆို ကလေးလည်း ညက်၊ ဆိုတော့ကာ … အွန်လိုင်းမှာ ပြောရုံနဲ့ မပြီးဘဲ အပြင်မှာ တွေ့ဖို့ပါ ချိန်းမိကြ ပါတယ်။ အပြင်မှာ တွေ့ကြမယ် … ဘယ်လို ဆုံမလဲလို့ မေးတော့ သူက သူအခု သုံးနေတဲ့ အင်တာနက်ဆိုင်မှာ လာခေါ်ပါတဲ့။ ကျွန်တော်က စမ်းချောင်းမှာ၊ သူက မြို့ထဲမှာ။ ဒါနဲ့ ကျွန်တော်လည်း နာရီဝက်အတွင်း အရောက်လာမယ်၊ စောင့်နေပေါ့။ သူကလည်း “အင်း ..” တဲ့။ “ယူ .. တကယ် လာခဲ့နော် .. တို့ စောင့်နေမှာ .. တို့က အကျီ င်္ အဖြူရောင်လေး ဝတ်ထားတယ် .. တစ်ဆိုင်လုံးမှာ တို့တစ်ယောက်ပဲ အဖြူရောင် ဝတ်ထားတာ ..” တဲ့။ ကျွန်တော်ကလည်း ဘယ်ရမလဲ .. အားကျမခံ “စိတ်ချပါ အပျိုဖြူလေးရယ် … တို့တကယ် လာမှာပေါ့ … မင်းသာ တကယ် စောင့်နေ” ပေါ့။ မြို့ထဲ ထွက်ခဲ့ပါတယ်။

မြို့ထဲရောက်တော့ သူပြောတဲ့ အင်တာနက်ဆိုင်ကို ခပ်လွယ်လွယ်ပဲ တွေ့ပါတယ်။ အကြည့်ခံအောင် .. မျက်နှာကို အစွမ်းကုန် ပြုံးဖြဲပြီး ဆိုင်တံခါး ခပ်တည်တည် တွန်းဖွင့် ဝင်လိုက်ပါတယ်။ တစ်ဆိုင်လုံးမှာ တစ်ယောက်တည်း အဖြူရောင် … တွေ့ပြီဗျာ ၊ ထင်းနေတာပဲ။ ထင်းမှာပေါ့ …. အဖြူရောင် အပျိုစင်လေးမှ မဟုတ်တာ၊ မီးခိုးရောင် အပျိုလုံးကြီးဗျာ။ တကယ်ပြောတာ … ဖီးကြမ်း ငှက်ပျောသီးကြီး ကျနေတာပဲ။ ဝဝလင်လင်ကြီး .. လုံးလုံးကြီး .. ညိုတာမှ ညို့နေတာပဲ။ သူရဿဝါ ဆိုင်ပြင်ကို ဘယ်လို ပြန်ရောက် သွားမှန်းကို မသိဘူး။ အပြင်ရောက်မှ တဟောဟော တဟဲဟဲနဲ့ အသက်ကို ဝအောင် မနည်းရှူရတယ်။ ဘယ်လို လုပ်ရပါ့ .. သူ့ပုံစံကလည်း ကိုယ်မလာမချင်း ထမယ့်ပုံ မပေါ်။ ကမန်းကတမ်း အကြံထုတ်ရတယ်။ ဟိုဟိုဒီဒီ လျှောက်ကြည့်တော့ ဆိုင်ရဲ့ တံခါးမှာ ဆိုင်ကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ် တွေ့ပါလေရော။

ဒါနဲ့ ဖုန်းဆိုင် တစ်ဆိုင်ထဲ ဝင်ပြီး “ဆိုင်ထဲက White Angel ဆိုတဲ့ မိန်းကလေးကို ခုနက ချိန်းထားတဲ့ ကောင်လေးက ဖုန်းဆက်တယ်လို့ ပြောပေးပါ” ဆိုပြီး ခေါ်ခိုင်းရတယ်။ မကြာပါဘူး … အပျိုညိုလုံးကြီး ဖုန်းလာကိုင် ပါတယ်။ အမယ် … သူကတောင် ဆီးပြီး ဟောက်လိုက် သေးတယ်။ “မလာသေးဘူးလား .. ယူ့ကို စောင့်နေတာ ကြာပြီ .. ဘယ်ရောက် နေတာလဲ” တဲ့။ ကျွန်တော် မနည်း အသံဖျက်ပြီး ပြန်ဖြေလိုက်ပါတယ်။ “ဟားရေး … အားပျိုစင်ကလေး … ကုလားလေးနော် … မြို့ထဲ ရောက်နေတယ်နော် … ကန်မလေး ပြောတဲ့ ဆိုင်ကိုနော် … ကုလားလေး ရှာမတွေ့ဘူး .. လည်နေတယ်နော် … သေချာ ပြန်ပြော …” ဆိုပြီးလည်း ပြောလိုက်ရော စကားပြန်တောင် မရတော့ဘူး။ “ဂွပ်” ခနဲ အလန့်တကြား ဖုန်းချ သွားပါလေရော။ ဒီတော့မှ သူရဿဝါလည်း အနန္တော အနန္တငါးပါး ဂုဏ်ကျေးဇူးကို တဖွဖွရွတ်ပြီး ပြန်လာ ခဲ့ပါတယ်။

နောက်တစ်ခါ ကျတော့ အွန်လိုင်းမှာ ချက်တင် ထိုင်ရင်းနဲ့ ရန်ဖြစ်တာပါ။ ဖြစ်ပုံက သူက ယောင်္ကျားလေး … ကျွန်တော့် အကောင့်ကို သေချာ မကြည့်ဘဲ မိန်းကလေး အောင့်မေ့လို့ လာဟိုင်းတာ။ ဒါနဲ့ ကျွန်တော်က ပြန်ပြောတော့ ယောင်္ကျားလေးမှန်း သိသွားတယ်။ အဲဒီတော့မှ “ဟာကွာ .. မင်းက ဘွိုင်းလား … ငါက မိန်းကလေး ထင်လို့ကွာ ဘာလုပ်ရမှာလဲ” တဲ့။ ကြည့်ဦး .. ပြောပုံကိုက .. မိန်းကလေး ဆိုတော့ရော အွန်လိုင်းကနေ ဘာလုပ်လို့ရမယ် ထင်နေလို့လဲ မသိပါဘူး။ အဲဒီကနေ စပြီး ရန်ဖြစ် ကြတာ။ သူလည်း ဆဲ၊ ကိုယ်ကလည်း အားကျမခံ ပြန်ဆဲပေါ့။ အဲဒီလို အပြန်အလှန် ဆဲရင်းက စိတ်တွေ တိုလာကြရော။ သူက “မင်း လူမိုက်လား .. သတ္တိရှိရင် အပြင်မှာ ချိန်းပြီး ဖိုက်မယ်လေ .. ထွက်ခဲ့ … လာ” တဲ့။ ကျွန်တော်ကလည်း ငြိမ်ခံ မနေပါဘူး။ “အောင်မာ .. မင်းလောက်ကတော့ အမြီးပါဖြတ်ပြီး ပြုတ်စား ပစ်လိုက်မယ် .. ဟေ့ကောင် … မိုက်တယ်ကွ … တစ်ယောက်ချင်း ချချင်ရင် လာခဲ့လေ .. အင်းစိန် ပေါက်တောဝ မှတ်တိုင်ကို … ငါစောင့်နေမယ် … တွေ့ရင်တော့ လက်သီးချင်း ယှဉ်ထိုးနော် … ပြေးတော့ မကိုက်နဲ့ .. ကြားလား” ဆိုပြီး သူ မခံချင်အောင် ပြန်ပြောပါတယ်။ သူကလည်း ဒေါသတွေ တရှဲရှဲ ထွက်ပြီး “အေး .. လာပြီကွ” ဆိုပြီး အောက်သွား ပါတယ်။ ဒီလို လာကျောလို့တော့ ဘယ်ရမလဲ .. သူရဿဝါလေ … ကိုယ်က စမ်းချောင်းမှာ၊ သူ့ကို အင်းစိန် ချိန်းပစ် လိုက်တယ်။ တကယ်က အဲဒီ အင်းစိန် ပေါက်တောဝ ဆိုတာ ဘယ်နားမှန်းတောင် ရေးတေးတေး မသိပါဘူး။ ကျွန်တော်လည်း မသွားပါဘူး။ ဒီအတိုင်း ဆက်ထိုင် နေတာပဲ။ သူကတော့ တကယ်သွား မသွား ကျွန်တော်လည်း မပြောတတ်ဘူး။

အဲဒီလိုပါပဲ။ ချက်တင် လောကမှာ ကျွန်တော်တို့ ကျင်လည် နေခဲ့တာ၊ ကျင်လည်နေ ကြတာ။ ကျွန်တော် အင်တာနက်ပါးဝသွားလို့ အခုတော့ ချက်တင် မထိုင် ဖြစ်တော့ပါဘူး။ ဒါပေမယ့်လည်း ကိုယ့်လို အခုမှ စသုံးတဲ့ လူငယ် လူရွယ် အတော်များများ ရှေ့လူများရဲ့ အစဉ်အလာကို ဆက်ခံပြီး ချက်တင်ထိုင် ကြဦးမှာပါပဲ။ ကိုယ်နဲ့ အဆင် ပြေရင် စကားလေး ပြောလိုက်၊ အပြင်မှာ ချိန်းလိုက်၊ ရန်တွေ ဖြစ်လိုက်နဲ့ ချက်တင်ထိုင်ခြင်း အလေ့အထဟာ အင်တာနက် သုံးစွဲသူ လူတန်းစားတို့ရဲ့ ယဉ်ကျေးမှု တစ်ရပ်တောင် ဖြစ်နေခဲ့ပြီ ဆိုတာ အသေအချာပဲလို့ ကျွန်တော်တော့ ပြောချင် ပါတယ်။

သူရဿဝါနှင့် ဘလော့အဝါ့ဒ်



“သူရဿဝါနှင့် ဘလော့အဝါ့ဒ်”
တစ်ရံရောအခါ အလွန်တရာမှ ခေတ်မှီ တိုးတက်၍ မြန်ဆန် သွက်လက်သော အင်တာနက် အမည်တွင် ခေတ်ကြီး တစ်ခေတ် ရှိခဲ့လေသည် ဟူ၏။ စာရေးဆရာ၊ စာရေးသူကို အင်္ဂလိပ် အခေါ်အရ ဝရိုက်ထာ (Writer) ဟု အမည်ပညတ် သတ်မှတ်လေ့ ရှိကြရာ ထိုခေတ်တွင် အင်တာနက် အွန်လိုင်းပေါ် တက်၍ ကဗျာ၊ ဝတ္ထု၊ စိတ်ကူးယဉ် စသည့် စာတိုပေစ လေးများကို ရေးသားကြသည့် အချို့သော စာရူးပေရူး ကလေးများကို အွန်လိုင်းဝရိုက်ထာ (Online Writer) ဟုလည်း ခေါ်တွင်သမှု ပြုကြပေ၏။ ၄င်းတို့ ရေးသားပြုစု အပ်သော စာကြောင်းစာသား အစုအဖွဲ့ များကိုလည်း ဘလော့ (Blog) ဟု အမည်သညာ ခေါ်တွင်စရာ ပြုကြလေသည်။ စာပေ အနုပညာကို လွန်စွာမှ ရူးသွပ်ပြာနှမ်း ကြသည့် ခေတ်ကြီး ဖြစ်သည့်အလျောက် အဖိုးကြီးလည်း ဘလော့၊ အဖွားကြီးလည်း ဘလော့၊ မွေးကင်းစ အာပြဲလေးလည်း ဘလော့ကြကာ ခွေးကိုက်လည်း ဘလော့၊ ကြောင်ကုတ်လည်း ဘလော့၊ အိမ်မြှောင် ကြွက် ကျီးကန်း အော်လည်း ဘလော့ကြ ကုန်သည်သာ ဖြစ်လေ၏။

ထိုသို့ ဘလော့ ပါများလတ်သော် ဘလော့ဆရာများ အားမငယ်ပဲ ပိုမို၍ ကြိုးစား ရေးသား ကြလေအောင် စိတ်ကူး၍ နဂို ကနဦး ဘလော့ ခဲ့ကြသော အွန်လိုင်းဝရိုက်ထာ များမှ အကြီးအမှူး ပြု၍ တစ်နှစ်အတွင်း အကောင်းဆုံး ရေးသား ခဲ့ကြသည့် အွန်လိုင်း ဝရိုက်ထာ ပိစိကွေးလေးများ၏ ဘလော့များကို အမျိုးအစား အလိုက် ခွဲထုတ်ကာ တစ်နှစ်တာ ဘလော့အဝါ့ဒ် (Blog Award) ချီးမြှင့်ရန် ကြံစည် ကြလေ၏။ ထိုဘလော့အဝါ့ဒ် ဆုပေးပွဲကြီးသို့ တက်ရောက်မည့် အွန်လိုင်းဝရိုက်ထာ ဦးရေမှာ အနည်းလေး နှစ်သိန်းခန့် ရှိနေသည်ကို စာရင်းပြုစု သိရှိရသဖြင့် တက်ရောက်မည့် သူများအားလုံး ဝင်ဆန့်လောက်အောင် ကျယ်ဝန်းမည့် နေရာကို ရှာဖွေကြရာ နောက်ဆုံးတွင် အားလုံး တစ်ပေါင်းတည်း တက်ရောက် နိုင်မည့် မိုးယိုရေယို လယ်ကွင်းပြင် ကြီးထဲတွင် ကျင်းပရန် ဆုံးဖြတ်ကြ လေ၏။ ထို ဆုပေးပွဲ နှင့်အတူ တက်ရောက်သူများ စိတ်ဝင်တစား ရှိစေရန် နာမည်ကျော် အွန်လိုင်း ဝရိုက်ထာကြီး နှစ်ဦးဖြစ်သည့် သူရဿဝါ (သူများနာမည် ထည့်ရေးရင် အဆဲခံရမှာကိုး) နှင့် တိုတိုတုတ် (စော်ဘွားကြီးကုန်း) တို့၏ အထူး ဘလော့ပြိုင်ပွဲ ကိုပါ ပူးတွဲကျင်းပရန် ထည့်သွင်း ကြေငြာ လိုက်လေရာ ကားပွဲစားဝင်းနေ၊ လေဆိပ်၊ ဆိုက်ကားဂိတ် မကျန် (လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဆိုတာက ဒိတ်အောက် သွားပြီ) စိတ်ဝင်တစား ရှိနေကြ လေသည် ဟူ၏။

ဘလော့အဝါ့ဒ် ပေးမည့်နေ့သို့ ရောက်သော အခါတွင် ဆုပေးပွဲ ကျင်းပရာ မိုးယိုရေယို လယ်ကွင်းပြင် ကြီးထဲသို့ ခန့်မှန်း ထားသည်ထက် များပြားသော အွန်လိုင်းဝရိုက်ထာများ တဖွဲဖွဲ ရောက်ရှိလာကြ လေ၏။ တစ်နှစ်တာ ဘလော့ အဝါ့ဒ် ဆုပေးပွဲ စတင်ကျင်းပ သောအခါ ဆုကြေငြာသူက ၄င်း၏ လက်ထဲရှိ အီးမေးလ်ဟူသော စာအိတ်ကြီးကို ဖွင့်၍ဖတ်ကာ တစ်ဆုချင်း ကြေငြာသမှု ပြုလေသည်။ ပထမဆုံး အနေဖြင့် တစ်နှစ်တာ အကောင်းဆုံး ဂီတဘလော့ ဆုကို ကြေငြာရာ နာမည်ကျော် အဆိုတော်မလေး ဂျင်းနီ၏ ဆွေမျိုးနီးစပ် တော်သူ အွန်လိုင်းဝရိုက်ထာလေး မျောက်ဖင်နီမှ “အိမ်သာခွက်ထဲမှာ မောင့်မျက်နှာလေး” ဟူသော သီချင်း ဘလော့ဖြင့် ဆုရရှိ သွားလေ၏။ ထပ်မံ၍ တစ်နှစ်တာ အချစ် အလွမ်း ဇာတ်ကြမ်း ဘလော့ ဆုကို ကြေငြာရာ နာမည်ကျော် ဒဏ္ဍာရီ ဇာတ်ကောင်များ ဖြစ်ကြသည့် မယ်ကုဝဏ်၊ အာဠာဝကနှင့် ဒဿဂီရိ တို့ကို ဇာတ်ကောင် ထား၍ ရေးသားသည့် “ရုပ်ဆိုးတာ အပြစ်လား” ဟူသော ဘလော့ကို ရေးသားသည့် ဝါရင့် အွန်လိုင်း ဝရိုက်ထာ ချစ်တုံးကြီးက ရရှိလေသည်။ ထို့နောက် တစ်နှစ်တာ အကောင်းဆုံး အိုင်တီ နည်းပညာ ဘလော့ဆုကို အွန်လိုင်း ဝရိုက်ထာလေး ကိုကိုဗိုင်းရပ်မှ “ရှပ်ဒေါင်းနှိပ်ရင် ပိတ်သွားရော” ဘလော့ဖြင့် ဆွတ်ခူး သွားလေ၏။ တစ်နှစ်တာ အကောင်းဆုံး သတင်းဘလော့ ဆုကို နာမည်ကျော် သတင်းထောက် ဥက္ကာကိုကို (သံတွဲ) ၏ ညီဖြစ်သူ အုတ်ကွာကိုကို (သံခဲ) မှ ရရှိပြန်၏။

တဖန် တစ်နှစ်တာ အကောင်းဆုံး စားသောက်ဖွယ်ရာ ဘလော့ဆုကို “လိပ်ခေါင်းဟင်းချိုနဲ့ ငါးရှဥ့်ဘောက်ဖတ်” ဘလော့ကို ရေးသားသည့် ဝရိုက်ထာမလေး “ဝဝလှ” က ထိုက်ထိုက်တန်တန် ရရှိလေသည်။ အကောင်းဆုံး ကိုယ်ရေးအတ္ထုပတ္တိ ဘလော့ဆုကိုမူ နာမည်ကျော် အွန်လိုင်းဝရိုက်ထာ ဖြစ်သည့် ကျော်ညိုသွေးက “ဂေါ်အပျိုလေးတွေ အော်ငိုပြေးမယ့် ကျော်ညိုသွေး” ဟူသော ဘလော့ဖြင့် ရရှိသွားပြန်၏။ နောက်ဆုံးဆု ဖြစ်သည့် ဘဝသရုပ်ဖော် ဘလော့ ဆုကိုမူ “ကေတီဗီမှ အပြန် ..” ဟူသော ဘလော့ကို ပူးပေါင်း ရေးသားသည့် အမြွှာပူး အွန်လိုင်းဝရိုက်ထာ ညီအစ်ကို နှစ်ဦးဖြစ်သော “မျက်ရည်” နှင့် “မျက်ခွက်” တို့က ပူးတွဲ ရရှိသွားလေသည်။ ထို့နောက် ပရိသတ် စိတ်ဝင်စားခြင်းကို အခံရဆုံးသော အွန်လိုင်းဝရိုက်ထာ သူရဿဝါနှင့် တိုတိုတုတ် (စော်ဘွားကြီးကုန်း) တို့၏ အထူး ဘလော့ပြိုင်ပွဲ ကြီးကို စတင် ကျင်းပလေ၏။ ပြိုင်ပွဲ၏ စည်းမျဉ်းမှာ မိမိရေးသားသော ဘလော့တွင် “အံ့သြ ထိတ်လန့်မှု၊ ဘာသာရေး ကိုင်းရှိုင်းမှုနှင့် အာမေဋိတ် ပြုရလောက်သည့် အကြောက်တရား” တို့ကို ပေါ်လွင်အောင် ဖော်ပြ ရေးသား နိုင်ရမည် ဟူသော ထူးဆန်းသည့် စည်းမျဉ်း ဖြစ်လေ၏။

အွန်လိုင်းဝရိုက်ထာလေး သူရဿဝါမှာ ထိုအကြောင်းအရာ သုံးခုစလုံး ပါဝင်အောင် မည်သို့မည်ပုံ ရေးသား ရအံ့နည်းဟု ထုံးစံအတိုင်း မျက်မှောင်ကြီး ကျုံ့၍ စဉ်းစား နေခိုက်တွင် တိုတိုတုတ် မှာမူကား တစ်စက်လေးမှ မစိုးရိမ် သည့်အလား အေးအေးဆေးဆေး ဒူးနန့်၍ လက်သည်းကလေး ကိုက်နေလေ၏။ ထို့နောက် စတင် ယှဉ်ပြိုင် ကြရာ နာမည်ကျော် စာရေးဆရာလေး သူရဿဝါကို ပရိသတ်က တခဲနက် အားပေးနေ ကြသည့် အလျောက် သူရဿဝါ မှာမူကား ခေါင်းပင် မဖော်နိုင်အောင် တကုပ်ကုပ် ရေးသား နေသော်လည်း တိုတိုတုတ် မှာမူ စာလုံးကလေး လေးငါး ခြောက်လုံးမျှ ရေးပြီးသည်နှင့် သူ၏ ပြိုင်ပွဲဝင် ဘလော့ ပြီးဆုံးလေပြီဟု အချက်ပြရာ ပြိုင်ပွဲ ကြည့်ရှုသူ အားလုံး အံ့သြဘနန်း ဖြစ်ကြရ လေ၏။ တကုပ်ကုပ် ကြိုးစား ရေးသားနေသော သူရဿဝါကို အချိန် တော်တော်ကြာမျှ စောင့်ဆိုင်း ကြရပြီးနောက် ရေးသားမှု ပြီးစီးသွားသည်တွင် အကဲဖြတ် ဒိုင်များမှ ပြိုင်ပွဲဝင် ဘလော့နှစ်ပုဒ်ကို ဖတ်ရှု အမှတ်ပေး ကြလေ၏။ ပြိုင်ပွဲများ၏ ထုံးစံအတိုင်း အကဲဖြတ် အမှတ်ပေး နေစဉ် အချိန်အတွင်း ပြိုင်ပွဲကို စပွန်ဆာ ပေးထားသော နက်ဂိုက်ဂျာနယ်နှင့် မိုဘိုင်းဂိုက် ဂျာနယ်၏ အယ်ဒီတာမလေး ဇင်ဇင်ဇော်မင်းမှ စင်ပေါ်တက်၍ မော်ဒယ်ရှိုး လျှောက်ကာ ဂျာနယ် နှစ်စောင်ကို ကြေငြာသမှု ပြုလေ၏။

ထို့နောက် အမှတ်ပေး ဒိုင်များမှ ဆုရမည့် ဘလော့ကို ကြေငြာရာတွင် “သူရဿဝါဟာ ပြိုင်ပွဲဝင် ဘလော့ကို အချစ် အလွမ်း ဂမ္ဘီရ လျှို့ဝှက်သည်းဖို ဖြစ်ရပ်မှန် စွန့်စားခန်း စတဲ့ ရသပေါင်းစုံ ပါဝင်အောင် စာမျက်နှာ ငါးရာတိတိ ရေးသား ယှဉ်ပြိုင်ခဲ့ပြီး အရမ်းလည်း ကောင်းမွန်လှတဲ့ ဘလော့ ဖြစ်လို့ ဆုပေးဖို့ ထိုက်တန်ပါတယ်” ဟု ပြောရာတွင် အားပေးသည့် ပရိသတ်များက “ဟေး …” ခနဲ အော်၍ လက်ခုပ် လက်ဝါးတီး အားပေးကြ သော်လည်း ကြေငြာသူမှ “ဒါပေမယ့် …” ဟု ဆက်ပြောသဖြင့် ငြိမ်သွားကြပြီး ဆက်နားထောင် ကြရလေ၏။ “ဒါပေမယ့် … တိုတိုတုတ် ကတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း အံ့သြ ထိတ်လန့်မှု၊ ဘာသာရေး ကိုင်းရှိုင်းမှုနှင့် အာမေဋိတ် ပြုရလောက်တဲ့ အကြောက်တရား စတာတွေကို စာလုံး ခြောက်လုံးတည်း သုံးပြီးတော့ အဓိပ္ပါယ် အပြည့်ဝဆုံး ဘယ်သူမှ မငြင်း နိုင်အောင် ရေးပြ သွားတဲ့အတွက် တိုတိုတုတ် (စော်ဘွားကြီးကုန်း) ကို ဆုပေးဖို့ ဆုံးဖြတ်လိုက် ပါတယ်” ဟု ကြေငြာ လေ၏။ ထိုအခါ ပရိသတ်များ ထံမှ မကျေမနပ် အသံများ ထွက်ပေါ် လာလေသဖြင့် အကဲဖြတ် အဖွဲ့မှ တိုတိုတုတ် ရေးသား ထားသော ပြိုင်ပွဲဝင် ဘလော့ကို လက်တွေ့ ပြသသော အခါမှ မငြင်းနိုင် လောက်အောင် အဓိပ္ပါယ် ပြည့်ဝပြီး သတ်မှတ် စည်းမျဉ်း သုံးခုလုံး ပါဝင်သည့် “အလို … ဘုရား ဘုရား” ဟူသော စာလုံး ခြောက်လုံးပါ ဆုရဘလော့ကို လက်ဖျားခါ လောက်အောင် တွေ့ရှိရလေ၏။ ထို့နောက် ဆုရရှိသူ တိုတိုတုတ် (စော်ဘွားကြီးကုန်း) မှ ပရိသတ်များကို ထုံးစံအတိုင်း ကျေးဇူးတင်စကား ပြောကြားလေရာ နာမည်ကိုက တိုတိုတုတ် ဖြစ်သည့် အားလျော်စွာ မိုက်ခွက်ကို ကိုင်၍ ပရိသတ်ကို မိုက်ကြည့်ကြည့်ကာ “ကျေးဇူး … ဒါပဲ” ဟု ခပ်ပြတ်ပြတ် ကျေးဇူးတင်စကား ပြောကြား ပြီးသည်၏ နောက်တွင် ဘလော့ဆရာများ၏ တစ်နှစ်တာ အကောင်းဆုံး ဘလော့ဆုပေးပွဲနှင့် အထူးဘလော့ပြိုင်ပွဲကြီး အသံဗလံ ပေါင်းစုံဖြင့် အောင်မြင်စွာ ပြီးဆုံး သွားလေ သတည်း။


(မှတ်ချက်။ အထက်ပါ ဆောင်းပါးထဲတွင် ချစ်ခင်ရသော စာပေညီအစ်ကို အချို့ကို နာမည်တပ်၍ ထည့်သွင်း ရေးသားထား ခြင်းမှာ ကျီစယ်လိုသည့် သဘောသက်သက်သာဖြစ်ပြီး လှောင်ပြောင်စော်ကားလိုခြင်း အလျဉ်းမရှိပါကြောင်း)
 

သူရဿဝါနှင့် ဝက်ဋီကာ

“သူရဿဝါနှင့် ဝက်ဋီကာ”

ကျွန်ုပ်တို့ ပျော်မွေ့ကျက်စားရာ အင်တာနက် လောကကြီး တစ်ခုလုံးသည်ကား ယနေ့ခေတ် အချိန်အခါတွင် ဝက်များဖြင့် ဖုံးလွှမ်းလျက် ရှိသော ဝက်ကမ္ဘာကြီး၊ ဝက်ခေတ်ကြီး ဖြစ်၍ နေချေပြီ။ ကျွန်ုပ်ဆိုလိုသော ဝက်ဆိုသည်မှာ အသင်တို့ သိထားသည့် နားရွက်ကား၊ အမြီးကောက်၊ နှာခေါင်းထော်သည့် ဝက်အကောင်များ မဟုတ်ပါပေ။ အနောက်တိုင်း ဘာသာစကား အလိုအရ ဝက်ဘ်ဆိုက် (Website) ဟူသည့် အသံထွက်ကို ကျွန်ုပ်၏ ပိရိခန့်ညား လှစွာသော မထော်မနန်း ပရိုနောင်ဇေးရှင်းဖြင့် မန်းမှုတ်သောကြောင့် ထွက်ပေါ်လာသည့် ဝက်ဖြစ်လေသည်။ ၄င်းဝက် တို့ကို တီထွင်ရေးသား ဖန်တီးအပ်သည့် ဥာဏ်ကြီးရှင် များအား ဝက်ဒဗလုပ်ပါ ဟုခေါ်တွင်ကြပြီး အနှီသူတို့မှာ ၄င်းဝက်များကို လူအများ သုံးစွဲနိုင်အောင် မွေးထုတ် ပေးကြခြင်း ဖြစ်သောကြောင့် ဝက်သမိခင် ဝက်သဖခင်များ ဟုလည်း ခေါ်ဆို ဂုဏ်ပြု အပ်ပေသည်။ နောက်တစ်မျိုး မှာကား ထိုဝက်များ၏ အပြင်အဆင် အရောင်အသွေး တို့ကို ရောစပ် ခြယ်သ ပေးသူများ ဖြစ်ပြီး ၄င်းတို့ကိုမူ ဝက်ဒီဇိုင်နာ ဟုဖြစ်ပေ၏။ ထိုသူတို့မှာကား ဒီဇိုင်းအမြင် ရှိရ၍ ထိုဝက်များကို လှလှပပ ကြည့်ပျော် ရှုပျော် ဖြစ်အောင် ပြင်ဆင် ပေးသူများ ဖြစ်သဖြင့် ဝက်အလှဖန်တီးရှင် ဟုလည်း ခေါ်ဆို အပ်လေသည်။ နောက်ထပ် ရှိသေးသည် မှာကား အမျိုးမျိုးသော ဝက်ခြံ (Website) များကို ထိန်းသိမ်း စောင့်ရှောက်၍ လူအများ သုံးစွဲနိုင်အောင် နောက်ကွယ်မှ နည်းနစ်ပိုင်း ဆိုင်ရာများ ကြိုးကိုင် လှုပ်ရှား ပေးကြသူ များမှာ ဝက်သခင် (Web Master) ဖြစ်ပေ၏။ ထိုသို့သော ဝက်များကို သုံးစွဲကြသည့် လူအများကို စောင့်ကြည့်၍ ထိန်းချုပ်မှု ပြုကြသူများမှာ ဝက်ထိန်း (Web Administrator) များ ဖြစ်ကြပေ၏။ ကျွန်ုပ်အနေနှင့် ဤမည်သော သြကာသ အင်တာနက် လောကကြီး အတွင်းတွင် ဂျောင်းဂျောင်းပြေး လည်ပတ် လှုပ်ရှားရသည့် အချိန်ကာလ အတန်ကြာ လာသည်နှင့်အမျှ ဤကဲ့သို့ အမျိးမျိုး အထွေထွေသော ဝက်တို့ကိုလည်း တွေ့မြင် ကြုံဆုံ ခဲ့ဖူးသည် ဖြစ်လေ၏။

၎င်းတို့အနက် တစ်ခုသော အမည်တပ်၍ ရသည်မှာ အော်ဖစ်ရှယ်ဝက် (Official Web) ဖြစ်လေ၏။ လူသိများ ထင်ရှားသော ဆယ်လီဘရီတီများ၊ အနုပညာရှင်များ၏ အလှပြ ဓါတ်ပုံများနှင့် ၄င်းတို့၏ လက်ရှိ လှုပ်ရှားမှု အနည်းငယ် တို့ကို သိသာ ထင်ရှားစွာ ဖော်ပြထား သောကြောင့် အော်ဖစ်ရှယ်ဝက် အမည်တပ်ရခြင်း ဖြစ်ကာ အချို့မှာ နိုင်ငံကျော် ဝက်များ ဖြစ်၍ အချို့မှာ ကမ္ဘာကျော် ဝက်များ ဖြစ်ပြီး အတော်အတန် အရာရောက် ကြသဖြင့် လူတွင်ကျယ် နည်းတူ ဝက်တွင်ကျယ်များ ဖြစ်ကြလေ၏။ နောက်တစ်ခု မှာကား တွစ်တာ၊ ဖေ့ဘုတ်တို့ ကဲ့သို့သော ဝက်များ ဖြစ်ကြကာ ကမ္ဘာ တလွှားမှ လူအများ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့ကို အချင်းချင်း ဖလှယ်နှီးနှော၍ သတင်းနှင့် အတင်းကို ရောတုပ် ကုန်ကြသည့် ဝက်များဖြစ်ပြီး ဆိုရှယ်ဝက်ဟု အမည်တပ်သော် ရလေ၏။ ထိုဆိုရှယ်ဝက် တို့မှာမူကား အခြားဝက်များ နှင့်မတူ တမူထူး၍ အတော်အတန် စကားများသော၊ အရေးအရာ ကိစ္စစုံလင်သော ဝက်လည် ဝက်ရှုပ်များ ဖြစ်ကုန်၏။

ကျွန်ုပ်ထပ်မံ၍ သတိပြုမိသော ဝက်တစ်မျိုးမှာ နည်းပညာဝက် ဖြစ်၏။ ထိုဝက်တို့မှာ သူမတူအောင် နှံ့စပ် တတ်ကျွမ်း၍ အိုင်တီ နည်းပညာဆိုင်ရာ အဆင့်မြင့် ပညာရပ်များ၊ လူအများအတွက် အသုံးဝင်သည့် ဝဲပျော့ (Software) များ၊ ဝဲမာ (Hardware) များ အကြောင်းကို လက်ဆင့်ကမ်း မျှဝေသော အကျိုးရှိသည့် ဝက်များပင် ဖြစ်လေ၏။ ၄င်းတို့ကိုမူ ဝက်ပညာရှိများဟု ခေါ်သော် ရနိုင်လေသည်။ နောက်တစ်မျိုးမှာကား လူတကာနှင့် မတည့်သော ဝက်များ ဖြစ်လေ၏။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့သည် အဝတ်အစားဖိုး မတတ်နိုင်သော မိန်းမပျိုများ၊ ယောင်္ကျားပျိုများ၏ ကြည့်မတော် ရှုမတော်သော ပုံရိပ်များ၊ ဗီဒီယိုဖိုင်များဖြင့် ပြည့်နှက်၍ နေသောကြောင့်ပင်။ ထိုဝက်အမျိုးအစားမှာ 18 + ဟု ခေါ်တွင်၍ အသက် ၁၈ နှစ်ကျော် လူပျိုဘဝ ရောက်သူများမှ ကြည့်ရှုခွင့် ရှိသဖြင့် ကာလသားဝက်များဟု ခေါ်လျှင် ရနိုင်မည် ဖြစ်ပေ၏။ ထို့အပြင် ကမ္ဘာတခွင် မြန်မာတခွင် ပြဲပြဲစင်အောင် စပ်စု၍ ထိုသတင်းစုံတို့ကို ပြန်လည် ဖော်ပြသည့် ဝက်များလည်း ရှိလေ၏။ ကမ္ဘာ၏ မည်သည့် နေရာတွင် ဘာဖြစ်နေနေ လူအများ ချက်ခြင်းလိုလို သိရှိရအောင် အုတ်အော်သောင်းနင်း ဖော်ကောင်လုပ် လောဆော်သည့် ထိုဝက်များကို လော်စပီကာဝက် ဟုခေါ်တွင်လေ၏။

ထို့အပြင် ကွန်ပျူတာ စက်ထဲတွင် ထည့်သွင်း အင်စတော လုပ်၍ ဆော့စရာ မလိုဘဲ အွန်လိုင်းပေါ်တွင်ပင် ဆော့ကစားခြင်း အမှုကို ပြုနိုင်သော ဂိမ်းဝက်များလည်း ရှိသေး၏။ အနီးတွင်ရှိသော ကီးဘုတ်၊ မောက်စ်တို့ကို အသုံးပြု၍ တစ်နေကုန် တွီတွီတွမ်တွမ်ဖြင့် မျောက်ရှုံးအောင် လက်ဆော့ခြေဆော့ လုပ်နေ၍ ရသဖြင့် ၄င်းတို့ကိုကား မျောက်တူဝက်တူ ဟုခေါ်သော် ရ၏။ ထို့အပြင် ၄င်းအွန်လိုင်းပေါ်ရှိ ဝက်စာရွက် (Web Page) များတွင် ဝါသနာအရ စာရေးသားမှု ပြုကြသူတို့ကို ဝက်စာရေးဆရာများဟု ခေါ်တွင်၍ အွန်လိုင်းရှိ သတင်းဝက် များပေါ်တွင် ဖော်ပြမည့် သတင်းများ ရေးသားသူ တို့ကိုမူ ဝက်သတင်းထောက် များဟု ခေါ်တွင် လေသည်။ ထို့အပြင် ဖော်ပြပြီးအပ်သော ဝက်စာရွက် (Web Page) များ၏ အားနည်းမှု၊ လုံခြုံရေး ချို့ယွင်းမှု တို့ကို အသုံးချကာ အချက်အလက်များ ဖောက်ထွင်း ခိုးယူသူများကို Hacker (သို့မဟုတ်) ဝက်နင်ဂျာ ဟုလည်း နာမည်တပ်၍ ရနိုင်ပေ၏။

မည်သည့် ဝက်တွင်မဆို ကိုယ်ပိုင် အမည်ပေါက် နာမည်များ ရှိကြပြီး အမည်နာမ များလည်း မတူကွဲပြား ခြားနားကြလေ၏။ ဥပမာ ဆိုရသော် အော်ဖစ်ရှယ်ဝက် အမျိုးအစား ထဲတွင်ပင် သူရဿဝါဝက်၊ ရှာကီရာဝက်၊ ဂျပ်စတင်ဘီဘာဝက် စသဖြင့် အမည်ခွဲခြား ထားကြခြင်း ဖြစ်လေ၏။ ထိုဝက်များ နေစရာ နေရာအတွက်မူ ဟိုစတင်ခေါ် ကိုယ်ပိုင် ဝက်ဋ္ဌာနေ များလည်း ရှိကြသည် ဖြစ်၏။ ဤသည်မှာကား ကျွန်ုပ်လေ့လာ စပ်စုသိရှိ ထားသမျှသော ထွေလီကာလီ ဝက်ပေါင်းစုံ အကြောင်း ဖြစ်ပြီး ကျွန်ုပ်တို့အားလုံးသည် နေ့စဉ်နေ့တိုင်း ဝက်ကမ္ဘာကြီး အတွင်းတွင် ပြေးလွှား လှုပ်ရှား၍ နေကြသည့် ဝက်လောကသားများ ဖြစ်ကြောင်းကို ယခုဖတ်ရှုနေသည့် ကျွန်ုပ်၏ ချစ်ခင်လှစွာသော ဝက်စာဖတ်သူများ သိရှိစေရန် ရည်သန်၍ ရေးသားပြုစုအပ်သည့် ဝက်ဋီကာကြီး ဖြစ်ပေတော့သတည်း။